"ဟုတ်မမလေး "

ယွန်းဂီနှုတ်ဆက်ပြီး အခန်းအပြင်ဘက်ကို ထွက်လာခဲ့သည် ။ အိပ်ခန်းကိုပြန်ရင် ရင်ထဲမှာကြည့်လာလို့ လမ်းတစ်ဝက်မှာရှိတဲ့ ထိုင်ခုံလေးမှာထိုင်ရင်း ရင်ဘတ်ကို လက်နဲ့ခပ်ဖွဖွလေး ထုလိုက်သည် ။ ဘာများအနေအထိုင်မှားခဲ့လို့ မမလေးက ဆင်ခြင်ရန်ပြောရတာလဲဆိုတာ အခုထိ မစဉ်းစားနိုင်သေးဘူး ။ ကျွန်တော်ဟာ  ကလေးငယ်ကို အားကိုးစွာနဲ့ ဆုပ်ကိုင်ထားချင်မိရုံလေးသက်သက်ပါ ။

အိပ်ခန်းအရှေ့နားကို ရောက်တော့ အသံကြားလို့ ခြေလှမ်းတွေကို ခဏရပ်လိုက်မိသည် ။

"အား..နာတယ် သာသာလိမ်း ပြီးတော့ မြန်မြန်လိမ်း ဦးလေးငယ်က ဆေးနံ့ရရင် စိတ်ပူနေလိမ့်မယ် ဦးလေးငယ်မလာခင် ဆေးအပြီးလိမ်းထားမှ ဖြစ်မယ် "

"သခင်လေးလည်း ဒီလောက်နားနေတာကို သူ့ဦလေးကို စိတ်ပူနေသေးတယ် "

"လျှာမရှည်နဲ့ ..."

ကြားရတာ ယောင်းငယ်လေးကို အစေခံကောင်မလေးက ဆေးလိမ်းပေးနေပုံပဲ ။ ကျွန်တော်အပြင်မှာပဲ ခဏရပ်နေလိုက်သည် ။ အခန်းခွဲမယ့်ကိစ္စကိုပြောရင် ကလေးလေးဝမ်းနည်းသွားမလားဆိုတာ စိုးရိမ်ရင်း ဘယ်လိုစ,ပြောရမလဲဆိုတာကို စဉ်းစားနေမိသည် ။

ဆေးလိမ်းပြီးလို့ အပြင်ထွက်လာတဲ့ကောင်မလေးက ကျွန်တော့်ကိုမြင်လို့ထင်တယ် မနှစ်မြို့တဲ့သဘောကိုဆောင်တဲ့ နှာမှုတ်ပြီး ထွက်သွား၏ ။ ကျွန်တော် သက်ပြင်းချလိုက်သည် ။ ရင်းနှီးနေတဲ့ခြေသံလေးကြောင့် ကျွန်တော့်မျက်နှာထားကို အမြန်ပြင်လိုက်ရသည် ။ ကျွန်တော့်ရဲ့စိတ်ညစ်နေတဲ့ပုံစံကို ကလေးငယ်လေးအား မပြနိုင်ပါ ။

"ယောင်းငယ်...."

"ဦလေးငယ် ...ပခုံးက တအားနားနေသေးလား သားဆေးယူထားတယ် လိမ်းပေးမယ်လေ နော် "

လက်ကို လာတွဲပြီး ပြောနေတဲ့ ယောင်းငယ်လေးကြောင့် ကျွန်တော်ခေါင်းသာခါပြလိုက်သည် ။

"ဦးငယ်က ရပါတယ် ...ယောင်းငယ်လေး ခြေထောက်ကဒဏ်ရာကရော သက်သာရဲ့လား ဦးငယ် ရေခဲလေး ကပ်ပေးရမလား ...မေးသာမေးရတာ ရေခဲကလည်း ကလေးလေးပဲ သွားယူပေးရအုံးမယ် ...ဆေးလိမ်းပြီးပြီလား "

Cherish Where stories live. Discover now