"မှန်း ဘယ်တုန်းက စာအုပ်လဲ"

"ဘာပုံလဲဟ ဘာမှလဲမရေးထားဘူး"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဘာပုံလဲဟ ဘာမှလဲမရေးထားဘူး"

စာအုပ်ဖွင့်လိုက်တာနဲ့ ကလေးတုန်းကလျှောက်ဆွဲထားတဲ့ပုံတစ်ပုံတန်းတွေ့ရသည်....ဘာမှမရေးထားတာမို့ ခမ်မြန်မြန်ပဲနောက်တရွက်လှန်တော့ ဘာတွေရေးထားမှန်းမသိတဲ့စာတွေရော....ရောင်စုံခဲတံတွေနဲ့လျှောက်ခြစ်ပြီးဆော့ထားတာရော.....

"အာ ငယ်ငယ်တုန်းက ငါတော်တော်ဆော့တာပဲ
ဟင်...."

"ကိုကိုး? ကိုကိုး က ဘယ်သူလဲ ကိုကြီးလား"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



"ကိုကိုး? ကိုကိုး က ဘယ်သူလဲ ကိုကြီးလား"

ရိပေါ် တစ်ယောက် ကိုကိုးဆိုတာ ဘယ်သူလဲစဉ်းစားမရဘူး...
ငယ်ငယ်တုန်းကသိခဲ့တဲ့သူဆိုလဲ ဘယ်အရွယ်ကသိခဲ့တဲ့သူလဲသူမှတ်မိတော့မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ သူ သေချာမှတ်မိတဲ့အရွယ်မှာ ကိုကိုးလို့ခေါ်တာ ဘယ်သူမှမရှိခဲ့လို့....။

"ဘာပဲဖြစ်ဖြစ် အမှတ်တရလေးပါပဲ သိမ်းထားလိုက်မယ်"

စာအုပ်အဟောင်းလေးကို ဘာရယ်မဟုတ် ကျောပိုးအိတ်ထဲကောက်ထည့်ထားလိုက်သည်....၊
ပြီးတော့....ပါပါးနဲ့ဆေးရုံလိုက်သွားရတာ ပင်ပန်းနေတာမို့...သူလည်းအိပ်ရမည်....၊

..............



"တောက်! နင် အလုပ်ကိုဘယ်လိုလုပ်နေလဲ customer ကိုခေါင်းလျှော်ပေးတာ မျက်နှာထိ​ရေစိုစရာလား ဟမ်"

Falling For YouWhere stories live. Discover now