တည်တည်တင်းတင်းမျက်နှာထက် နေရာယူထားသည့် မပီမသအပြုံးတစ်ပွင့်။ လှုပ်ရှားမှုငြိမ်သက်သော ခပ်နက်နက်မျက်ဆံ။ တွန့်ကျိုးထားတတ်သည့် မျက်ခုံးတို့သည် ဘယ်သောအခါမှ မပြောင်းလဲပေ။ ဂုတ်ကျော်ရုံမျှ ဆံနွယ်များကို အပြောင်လှန်တင်ကာ စည်းနှောင်းထားခြင်းကြောင့် မကျဉ်းမကျယ်နဖူးသည် အထင်းသား။
" ကျုပ်ကိုလွမ်းနေ "
" ဘာကိစ္စလွမ်းရမှာလဲ "
" ကျုပ်က ခင်ဗျားကိုယူထားတာ။ ခင်ဗျားက ကျုပ်အိမ်သူမို့ ကျုပ်ကိုလွမ်းရမယ် "
" မင်းသိပ်ရိုင်းတယ် "
" ရိုင်းပေမယ့် ခင်ဗျားကိုတော့ အတည်ချစ်တယ်ဆိုတာ ဦးနှောက်ထဲစွဲနေအောင် မှတ်ထား "
ခရမ်းပြေးရောင် ကောင်းကင်နောက်ခံဖြင့် ပုံဖော်ထားလေသော ပန်းချီငယ်။ ခပ်အေးအေးလေပွေရူးထဲ စိတ်အစဉ်အာရုံတို့သည် အလဲလဲအပြိုပြို။ ဖြတ်သွားဖြတ်လာများကိုပင် သတိမမူမိသည်အထိ မြတို့နှစ်ယောက် အကြည့်ချင်းဆုံနေမိကြသည်။
" ဟိုမှာ ဆယ်ရက်ပဲနေမှာ ကျုပ်ကိုလွမ်း "
" မလွမ်းဘူး "
" ခင်ဗျားပြောရသိပ်ခက်တယ် "
ဖယ်ခွာသူကြောင့် တိုးဝင်လာသော ညလေပြေ။ လှစ်ဟာသွားသည့် စိတ်အစဉ်တစ်စိတ်တစ်ပိုင်းနှင့် ပျောက်ဆုံးသွားရသော ရင်ခုန်ခြင်းအချို့။ မိန်းမချင်းဖြစ်သော်လည်း မူပိုင်ဟာ သိပ်ကိုနိုင်စားလွန်း၏။
မဖြစ်ရဘူး မြ မင်းကိုမုန်းဦးမှာလေ ~
" ငါးသံပုရာပေါင်းတစ်ပွဲရယ်၊ ထမင်းဖြူနှစ်ပွဲရယ် "
လှည်းတန်းညဈေးသည် လူစည်သည်ဆိုတာထက်ပို၏။ ယခုလိုထောင့်ကျသော ဆိုင်ကိုရွေးထိုင်သော်လည်း စားသုံးသူဧည့်သည်များပြည့်နေလေသည်။
" ခင်ဗျား ဘာထပ်မှာချင်သေးလဲ "
" တော်ပြီ "
ထိုအခါမှသာ အမှာကိုရပ်စောင့်နေသော ချာတိတ်ကလေးပြန်လှည့်ထွက်သွား၏။ နာရီဝက်နီးပါးစောင့်ပြီးနောက်တွင်တော့ မြ စားချင်နေသည့် ငါးသံပုရာပေါင်းရလေပြီ။ ဒါနဲ့ဆိုရင်ဖြင့် လှည်းတန်းညဈေးတွင် နှစ်ကြိမ်မြောက်လာစားဖူးခြင်း။
YOU ARE READING
မူပိုင် [အတွဲ တစ်]
Romance⁽⁽ ရိုင်းတယ်ထင်ရင် ပြန်ချစ်လိုက် ကျုပ်လိမ္မာပေးနိုင်တယ် ဒေါ်ဒေါ် ⁾⁾
အပိုင်း (၄/u)
Start from the beginning