အပိုင်း(၃၆) ဂိမ်းအာဏာရှင်

Start from the beginning
                                    

လောင်ရမ်သည် ကောင်းကင်ပြာပြာ အင်္ကျီလက်ရှည်ကို ၀တ်ထားသည်။ လက်နှစ်ဖက်စလုံးကို တံတောင်ဆစ်အထိ ခေါက်ထားပြီး သူ၏ပုံစံကောင်းမွန်သော လက်ဖျံကို ပြသထားသည်။ အနက်ရောင် ဘောင်းဘီ အနက်ရောင်ကို ဝတ်ထားသည်။ သူ့ဝတ်စားဆင်ယင်မှုက ငယ်ငယ်ရွယ်ရွယ်နဲ့ ပရော်ဖက်ရှင်နယ်ဆန်လှသည်။

လောင်ယန် က သူ့အစ်ကိုကို လက်မထောင်ပြသည်။ "အစ်ကိုက အရမ်းလှတယ်။"

လောင်ရမ်ရယ်သည်။ "စကားချိုချိုလေးတွေ ပြောနေပါလား"

"ဘာလဲ၊ ငါက အမှန်အတိုင်းပြော နေတာ။"

လောင်ရမ်သည် သူ့ညီ၏ မျက်နှာတွင် တောက်ပသော အပြုံးကို သတိပြုမိသည်။ လောင်ယန်က သူ့အစ်ကိုကြီး ရုပ်ချောတာကို တွေ့ရုံနဲ့ ဒီလို ပြုံးပြမှာ မဟုတ် ပေ။ "ဘာကြောင့် ဒီလောက်တောင် ပြုံးပြုံးရွှင်ရွှင် ဖြစ်နေရတာလဲ"

သူ့အစ်ကို၏မေးခွန်းကြောင့် လောင်ယန် သည် သူစောစောကရှာဖွေတွေ့ရှိခဲ့သောကောင်းမှုကို သတိရသွားသည်။ "အစ်ကို၊ ကျွန်တော် တစ်စင်တီမီတာ တိုးလာတယ်" စိတ်လှုပ်ရှားစွာ မျှဝေခဲ့သည်။

လောင်ရမ် သည် သူ့အစ်ကိုကို အလေးအနက်ထား စစ်ဆေးခဲ့သော်လည်း သူ့အရပ်အမောင်းမှာ အမှန်တကယ် ပြောင်းလဲခြင်းမရှိကြောင်း သူခံစားခဲ့ရသည်။ ဒါပေမယ့် လောင်ရမ်ကတော့ ဒီလို မပြောခဲ့‌ပေ။ "ကောင်းတယ်။ မင်းနည်းနည်း အရပ်မြင့်တယ်လို့ ငါခံစားရတာ မဆန်းပါဘူး။"

လောင်ယန် ၏မျက်လုံးများသည် မှိတ်တုတ်မှိတ်တုတ်ကြယ်များ ရာနှင့်ချီရှိနေသကဲ့သို့ လင်းလက်သွားသည်။ "တကယ်လား"

"တကယ်။"

သူ ပိုတောင်ပျော်လာသည်။ အစ်ကို့လက်ကို ပွေ့ဖက်ပြီး "သွားစားရအောင် မနက်စာ" လို့ပြောလိုက်သည်။

နှစ်ယောက်သား ထမင်းစားခန်းဆီသို့ လှမ်းကြည့်လိုက်တော့ အဖေက စားပွဲထိပ်မှာ ထိုင်နေပြီး သတင်းစာဖတ်နေသည်ကို တွေ့လိုက်ရသည်။ လောင်ယန် က သူ့အစ်ကိုကို လွှတ်လိုက်ပြီး သူ့အဖေဆီ သွားလိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ ဖေဖေ" နှုတ်ဆက်လိုက်သည်။

လောင်ဝေတန်က သူဖတ်နေတဲ့ သတင်းစာကို ချလိုက်သည်။ သူ့သားနှစ်ယောက်ကို ကြည့်ကာ ပြုံးပြသည်။ "မင်္ဂလာနံနက်ခင်းပါ။"

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now