ထို့ကြောင့် သူ၏ပရိသတ်များသည် အခြေခံအားဖြင့် သူတို့ကိုယ်သူတို့ သူ၏ "ချစ်သူရည်းစားများ" အဖြစ် မခံယူထားကြပေ။ သူ၏အချစ်ရေးကို ခုချိန် ပွင့်ပွင့်လင်းလင်းဖော်ထုတ်လိုက်မယ်ဆိုရင်တောင်မှ သူ့ရဲ့အသက်မွေးဝမ်းကြောင်းကို အများကြီးသက်ရောက်မှုမရှိလေပြီ။

"ပြသနာကြီးကြီးမားမားမဖြစ်ခဲ့တာ ကံကောင်းပေလို့ပဲ" ဟော်ယုံက လက်ကိုင်ဖုန်းကိုချပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ကုမ္ပဏီကိုအရင်တိုင်ပင်ခြင်းမရှိဘဲ သူ၏ဆက်ဆံရေးအကြောင်းကို လူသိရှင်ကြားဖွင့်ဟခဲ့သော ယွီချင့်ဟွမ်ကဲ့သို့ သရုပ်ဆောင်တစ်ဦးကို သူဌေးတစ်ယောက်အနေဖြင့်တကယ်တမ်း သူသဘောမတွေ့လှပါပေ။ သို့ပေမယ့် ဒီဆက်ဆံရေး၏အခြားတဖက်ကလူမှာ သူ့ညီငယ်ဖြစ်နေတာကြောင့် သူ့တွင် ရွေးချယ်စရာမရှိလေပြီ။

အမျိုးသားနှစ်ဦးကြားဆက်ဆံရေးကိုမဆိုထားနှင့်ဦး၊ သူတို့၏သမီးရည်းစားဆက်ဆံရေးကို ရှေ့တန်းတင်မည့် အမျိုးသား/အမျိုးသမီးရယ်လို့ ဖျော်ဖြေရေးအသိုင်းအဝိုင်းတစ်ခုလုံးမှာတောင် အင်မတန်နည်းပါး၏။

ထို့ကြောင့် ယွီချင့်ဟွမ်မှ အခုလိုလုပ်ရန် ရွေးချယ်လိုက်ခြင်းမှာ သူ့ညီအား ထိုသူ့နှလုံးသား၏ အရေးကြီးဆုံးနေရာတွင် ဧကန်အမှန်ထားရှိကြောင်းကို သိမြင်နိုင်လေသည်။

ဟော်ယုံသည် ဟော်ချွီအား မနာလိုစွာတချက်ကြည့်လိုက်ရင်း နှလုံးသားထဲတွင် သက်ပြင်းတစ်ချက်ချလိုက်မိသည်:

ကံကြမ္မာက မျက်နှာသာပေးခံထားရတဲ့ အမိုက်အမဲအရူးတွေ။

"ချွီအာ ဖုန်းနားပဲကပ်မနေနဲ့လေ"  ဟော်ယုံမှ အသိဝင်လာပြီး ပြောလိုက်သည်။ ဟော်ချွီမှ တစ်မနက်လုံး ဖုန်းပဲစိုက်ကြည့်နေတာကိုမြင်လိုက်ရတော့ သူကမနေသာစွာပြောမိ၏။

"အဲ့ဒါက မင်းမျက်လုံးတွေကို ထိခိုက်စေလိမ့်မယ်"

ယွီချင့်ဟွမ်ဟာ ခုရက်ပိုင်း အိမ်မှာမရှိပေ။ သူ့အမေက ဟော်ချွီအား ဒီပိတ်ရက်မှာအိမ်ပြန်လာဖို့ကို နောက်ဆုံးမှာ နားချသိမ်းသွင်းနိုင်ခဲ့သည်။ သို့ပေမယ့် ဟော်ချွီသည် သူ၏တုံးအအငါးတွေကို ထိုင်ကြည့်ရင်ကြည့် မဟုတ်ရင် သူ့ဖုန်းကိုသာကြည့်နေတတ်သည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now