''ကဲ..အခုပြိုင်ပွဲကတော့ တော့ပိုကီစားပြိုင်ပွဲပဲဖြစ်ပါတယ် ပြိုင်ပွဲဝင်တစ်ယောက်ကတော့ဒီမှာအဆင်သင့်ထိုင်နေပါပြီ သူနဲ့ပြိုင်စားမယ့်သူဘယ်သူရှိလဲဗျ အစပ်စားနိုင်တဲ့သူပဲပြိုင်ပါနော်..မတအားစပ်လို့ပါ ''

''ကျတော် ကျတော်ပြိုင်မယ်ဗျ ''
jungwanကလက်ထောင်ပြီးပြောလိုက်တယ်

'' ဟုတ်ပါပြီဗျ ဒါဆိုဒီဘက်ခုံမှာနေရာလာယူပေးပါနော် ''

''ဟုတ်ကဲ့ဗျ.''

''ဒါဆိုနာမည်လေးတွေအရင်မိတ်ဆက်ကြမယ်နော်..ဒီညာဘက်ကညီလေးကအရင်စမိတ်ဆက်ပေးပါ ''

'' အာညော် ကျတော်နာမည်doyoung..kim doyoungပဲဖြစ်ပါတယ် ''

''ဘယ်ဘက်ကညီလေးလဲမိတ်ဆက်ပေးပါ ''

''So Jungwan ''
So jungwanမိတ်ဆက်ပြီးတော့ပြိုင်ပွဲကိုကြည့်နေတဲ့ကောင်မလေးတွေစီကအသံပေါင်းစုံထွက်လာကြတယ် အင်း..So jungwanဆိုတဲ့ငါကချောတော့လဲဘယ်တက်နိုင်ပါ့မလဲလေ ချောရတာတောင်ပင်ပန်းလာပြီ ဟီးး

''ကဲ စပြိုင်ကြမယ် ''
ပြိုင်နေစဥ်အတွင်း အသက်တွေဆူညံပြီးအားပေးနေကြတယ် ပြိုင်နေတဲ့နှစ်ယောက်ကလဲတစ်ရှူးရှူးတစ်ရှဲရှဲနဲ့စားနေကြတာ..အစပ်ကိုဆိုအသေကြောင်ဟာရူတိုကတော့သူတို့ကိုကြည့်ပြီးပါးတွေပါကြိမ်းလာတယ်...ပြိုင်ပွဲလဲပြီးသွားရော ကျတော်သူငယ်ချင်းအစားပုတ်So jungwanကအနိုင်ရသွားပါတယ် ဟိုဘက်ကDo youngကတော့ရှုံးသွားတော့မကျေနပ်တဲ့အကြည့်နဲ့ကြည့်နေတယ်

'' တောက်..ဟိုကောင်ဘယ်လိုများစားလဲမသိဘူးမြန်လိုက်တာ မစပ်တဲ့အတိုင်းပဲ..စိတ်တိုတယ်ရှုံးသွားပြီ ''

'' စိတ်လျော့ငါမင်းအစားအနိုင်ယူလာခဲ့မယ် ''
jeongwooကdoyoungပုခုံးကိုပုတ်ကာပြောလိုက်တယ်

''မင်းပြိုင်မလို့လား ''

'' ဒါပေါ့ ''

''ကဲအခုနောက်တစ်တွဲပြိုင်ပါမယ် ပြိုင်မယ့်သူတွေထွက်လာပေးပါ ''
jeongwoo ကပြုံးပြုံးကြီးထွက်လာလိုက်တယ်

''ပြိုင်ပွဲဝင်တစ်ယောက်တော့ထွက်လာပါပြီ သူနဲ့ဘယ်သူပြိုင်မလဲဗျ ''

'' အကိုကျတော်တစ်ခုလောက်မေးချင်လို့ ''
jeongwooကပြိုင်ပွဲကြေညာနေတဲ့အကိုကိုလှမ်းခေါ်လိုက်တယ်

The most beloved opponentWhere stories live. Discover now