*ရုတ်တရတ်ကြီးကွာ စိတ်ညစ်ပါတယ်

ရိပေါ်ပြန်ရဖို့နည်းလမ်းစဉ်းစားမရတော့ဘူး ဒီမိုးနဲ့ဆို သူဖျားမှာ ပြီးရင် ဘတ်စ်ကားမပြောနဲ့ ကားတွေလည်း ငှါးဖို့မသေချာတော့ပေ.....

*မိုးတိတ်အောင် ဒီမှာပဲခဏစောင့်လိုက်ပါမယ်လေ

ဆိုဖာခုံလေးမှာထိုင်ရင်း မှန်တံခါးပြင်ပက မိုးစက်လေးတွေထိုင်ကြည့်နေမိတာ အချိန်တွေကြာမှန်းမသိ ကြာလို့.........သွားတယ်......။

.......



"ဝမ်ရိပေါ် ဝမ်ရိပေါ်!"

"အွန်း...ကိုကြီးကလဲ ခဏလေးအိပ်အုံးမယ်လေနော်...."

အိပ်ချင်မူးတူးနဲ့မျက်လုံးမပွင့်တပွင့်ဖြစ်နေတဲ့ဝမ်ရိပေါ်က သူ့ကိုကြီးရှိမယ်ထင်တဲ့နေရာကိုကြည့်ရင်း လက်ညိုးလေးထောင်လို့ ခွင့်တောင်းတယ်....

ခပ်ဝါးဝါးမြင်ရတဲ့ပုံရိပ်က ခါးထောက်လျက်အနေအထားနဲ့....တဖြေးဖြေးပုံရိပ်ပေါ်လာတော့.....

*ငါလခွမ်း!!!!

မျက်မှောင်ကြုံ့ပြီး ခါးထောက်ကြည့်နေတဲ့ ဘော့စ်က ဝမ်ရိပေါ်ရှေ့တည့်တည့်မှာ....

*ဘုရား....ညက ဘော့စ်အိမ်ကဆိုဖာမှာ သူအိပ်ပျော်သွားတာလား.......

"ဝမ်ရိပေါ် မျက်လုံးပြူးပြီး ပြန်အိပ်သွားပြန်ပြီလား"

"ဘော့ ဘော့စ် တောင်းပန်ပါတယ် ကျွန်တော် တမင်လုပ်တာမဟုတ်ပါဘူး"


ရှောင်းကျန့်ရှေ့ကကောင်လေးက ရုတ်တရတ်ဆိုသလို ဆိုဖာပေါ်ကနေဆင်းပြီး သူ့ရှေ့မှာ လက်နှစ်ဖက်ယှက်ကာ ခေါင်းငုံ့ပြီးတောင်းပန်နေတယ်....

"ဆိုတော့ ညကမင်းဒီမှာအိပ်ပျော်သွားတာပေါ့"

"ဟို...အဲဒါကလေ ညက မိုးအရမ်းရွာနေတော့ မိုးတိတ်တာစောင့်ရင်း....."

"ထားလိုက်တော့"

ထားလိုက်တော့ဟုဆိုပြီးပြောပြီးနောက် ဘော့စ်ကသူ့အခန်းထဲပြန်ဝင်သွားတယ်....

*သွားပြီ သွားပြီ ဘော့စ်စိတ်ဆိုးသွားတာထင်တယ် ငါတော့ ၃လမပြည့်ခင် အလုပ်ပြုတ်ပါပြီ.....

Falling For YouWhere stories live. Discover now