ဂျက်ဖရီကလည်း ခေါင်းတညိတ်ညိတ်နဲ့ ညစ်ကျယ်ကျယ်ပြုံးကာ ဘန်အား အရသာရှိလှသော စားသောက်ဖွယ်အား အီသီယိုးပီးယားက ငတ်ပြတ်နေတဲ့ကလေးတွေက သွားရည်တမျှမျှနဲ့ ကြည့်နေသည့်အတိုင်းပင်။

" အန်ဒရူးနဲ့ဂျက်ဖရီက သင့်မြတ်နေတယ်ဆိုတော့ သိပ်ထူးဆန်းမနေဘူးလားလို့ ''

" မထူးဆန်းပါဘူး ဘန်ရဲ့ ၊ ပန်းတိုင်တူ​နေတဲ့သူအချင်းချင်း သင့်မြတ်နေတာဘာမှမဆန်းပြားဘူးလေ နော် အန်ဒရူး  ''

ဘန်ရဲ့စကားကို ဂျက်ဖရီက အန်ဒရူးကို အဖော်ညှိပြီး ပြန်ဖြေလာတော့ အန်ဒရူးကလည်း ငါးခူကြီးကဲ့သို့ပြုံးကာ ဝင်ဖြေလာသည်။

" ဂျက်ဖရီရဲ့စကားက သိပ်ကိုမှန်တာပေါ့ .. ဘန်ကြားဖူးမှာပေါ့ အချစ်ခြင်းတူရင်အိပ်ယာထဲမှာချစ်ရည်လူးမယ်တဲ့''

" အချစ်ခြင်းတူရင် တိုက်စားပစ်မယ် မဟုတ်ဘူးလားဟင် ''

" ဘာကိစ္စနဲ့ တိုက်စားရမှာလဲ ဘန်ရဲ့ ''

အန်ဒရူးက သွေးစုပ်ဖုတ်ကောင်တင်မဟုတ်သေး.. လိပ်တစ်ကောင်လည်းဖြစ်နေသေးသည်။

" ကဲပါ.. လာ အချိန်ရှိခိုက် လုံ့လစိုက်တဲ့ ''

" ​နေဦးလေ မဟုတ်သေးဘူးလေ ''

ဘန်က တားနေပေမယ့် ထိုနှစ်ယောက်က ဘန်ရဲ့စကားတွေကို မကြားချင်ယောင်ဆောင်ကြလေသည်။

Kitty က မျက်လုံးတွေလှန်ကာ တစ်ယောက်တည်း ရေရွတ်လိုက်သည်။

ဖင်မနိုင်ဘဲနဲ့ ပဲကြီးဟင်းတွေစားတဲ့ Host ရေ နောက်နေ့မနက်မှာ ကောင်းမွန်စွာ နိုးထလာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။

..............

မင်္ဂလာပွဲကျင်းပရသည်မှာ ကသောင်းကနင်းနိုင်လှ၏။

ပြောတော့ သမန်းကျားမင်းသားလေးရဲ့ မင်္ဂလာပွဲတဲ့။
ဘယ်နှယ့်လို့ မျက်နှာဖြူဖုတ်ကောင်ပါ ရောပြီး မင်္ဂလာဆောင်နေရတာလဲ။
ဧကန္တ မျက်နှာဖြူကောင်နဲ့ သမန်းကျား မင်းသားလေးတို့က??။

သို့လောသို့လော မေးခွန်းတွေနဲ့ ဧည့်သည်များစွာသည်ကား စင်မြင့်ထက်မှာနေရာယူထားသည့် သတို့သားနှစ်ဦးကိုကြည့်ပြီး ကျွက်စီကျွက်စီ ဖြစ်နေကြ၏။

Peculiarly System [Completed ]Where stories live. Discover now