Part 1:At the Pole

535 47 4
                                        

'ကံကြမ္မာကို မယုံတဲ့ ငါက အဲ့ဒီနေ့ပြီးတဲ့နောက်တစ်နေ့ ထောင့်စွန်းတစ်နေရာမှာ မင်းနဲ့ တွေ့ရလိမ့်မယ်လို့ တွေးခဲ့မိတယ်။ ဒါဟာ ရူးမိုက်မှုဆိုရင်တောင် ငါမတတ်နိုင်ပါဘူး။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

'ကံကြမ္မာကို မယုံတဲ့ ငါက အဲ့ဒီနေ့ပြီးတဲ့နောက်တစ်နေ့ ထောင့်စွန်းတစ်နေရာမှာ မင်းနဲ့ တွေ့ရလိမ့်မယ်လို့ တွေးခဲ့မိတယ်။ ဒါဟာ ရူးမိုက်မှုဆိုရင်တောင် ငါမတတ်နိုင်ပါဘူး။

အချိန်ကသာ အရာရာဖြစ်ခဲ့မယ်ဆို မင်းနဲ့တွေ့မယ့် နာရီလက်တံကို ကြိုးနဲ့ နာနာချည်ထားချင်တယ်။

ဒါမှမဟုတ်ရင် မင်းအနာဂတ်အတွက် အလုပ်မဖြစ်စေမယ့် ဘတ်ထရီလေးတစ်ခု ငါဖြစ်ချင်တယ်။'

※※

"ပတ်ဝန်းကျင်ကတော့ မင်းမြင်တဲ့အတိုင်းပါပဲ မစ္စတာဝစ်ရေ"

မှိန်တိန်တိန်မီးခိုးရောင် နံရံဆီ ငေးနေတဲ့ သူ့ကို ရည်ရွယ်တဲ့ စကားကြောင့် သူအပြုံးတစ်ခုနဲ့အတူ ခေါင်းညိတ်ထောက်ခံလိုက်တယ်။

"အချိန်တိုအတွင်း ကျွန်တော်မြင်ခဲ့ပြီးပါပြီ"

နံရံကို ဝေ့ကြည့်ပြီး သူဖြေလိုက်တဲ့ အဖြေက နည်းနည်းတော့ နောက်ပြောင်ရာ ကျသွားလိမ့်မယ်။

"ငါးနှစ်လောက်ပေါ့"

လေးနက်တဲ့ အသံအနေအထားကြောင့် သူ့ကိုတောက်လျှောက် အကဲခတ်နေတဲ့ ကိုယ်စားလှယ်ကြီးဆီက သဘောတကျရယ်သံမျိုးတွေထွက်လာတယ်။ သူ့အနေနဲ့တော့ နံရံကိုပဲ ဆက်ငေးနေမိတယ်။

"ဒါဆို ကျွန်တော့်ကို ပြောပါဦး ကိုယ်စားလှယ်ကြီး..အရင်တုန်းက ဒီနံရံအရောင်က ဘာဖြစ်ခဲ့တာလဲ" စကားဆုံးတာနဲ့ သူအဆက်အစပ်မရှိပြုံးလိုက်တယ်။

သူ့စူးစမ်းလိုစိတ်တွေက ဒီအရွယ်ထိ ထူးဆန်းနေတာကို ဝန်ခံပါတယ်။ ငယ်ငယ်ကတည်းက တိတ်တဆိတ်နေရတာကိုပဲ နှစ်ခြိုက်ခဲ့ပေမဲ့ ဘေးလူတွေအတွက် ဖြေရခက်မယ့် မေးခွန်းမျိုးတွေကို သူ့ခေါင်းထဲမှာ အမြဲ ထုတ်နေတတ်တယ်။

You've reached the end of published parts.

⏰ Last updated: Mar 12 ⏰

Add this story to your Library to get notified about new parts!

Cotton Candy Dissolves into H2OWhere stories live. Discover now