⚠️^Ep-18^⚠️ ( Zawgyi )

Start from the beginning
                                        

ဗိုလ်ချုတ်ဆိုသည့်ရာထူးအတိုင်း အိမ်ကြီးဟာလည်း နန်းတော်သဖွယ်မြင့်မားလှပြီးအသုံးအဆောင်တွေဆိုသည်လည်း အလွန်ပင်တန်ဖိုးရှိလွန်းသည်ဆိုတာမြင်တွေ့ရသည်။ဧည့်ခန်းနံရံ တွေမှာချိတ်ထားတဲ့ ဓာတ်ပုံတွေကို လိုက်ကြည့်မိတော့ တစ်စုံတစ်ခုကိုဂျောင်ဂုသတိထားမိလာရာ

နံရံမှာချိတ်ဆွဲထားတဲ့ ထိုဓာတ်ပုံတွေဟာ ဆရာဂျင်ရဲ့ဓာတ်ပုံတွေသာတွေ့နေရပြီး ဘွဲ့ရတဲ့ပုံတွေ၊ဗိုလ်ချုတ်ရယ် သူ့အမျိုးသမီးရယ် ဆရာဂျင်ရယ် တွဲရက်သားရိုက်ထားတဲ့ ပုံတွေကြီးဘဲဆိုတာ ဂျောင်ဂုတွေ့လိုက်ရသည်။

"ဗိုလ်ချုတ်မှာ သားနှစ်ယောက်ရှိတယ်လို့ကြားခဲ့ဖူးသည်လေ အဲ့တာကဆရာဂျင်ရယ် ထယ်ယောင်းရယ်မဟုတ်ဘူးလား အခုကြဘာလို့ ထယ်ယောင်းရဲ့ဓာတ်ပုံတစ်ပုံမှမချိတ်ထားရတာလည်း ထယ်ယောင်းက သူတို့ရဲ့သားအရင်းတစ်ယောက်ဘဲလေ"

သူ့မျက်လုံးတွေနဲ့ နေရာအနှံ့လိုက်ကြည့်နေတုန်းအခန်းတစ်ခန်းဆီသို့ ဂျောင်ဂုခြေလမ်းတွေဟာလျှောက်လာခဲ့မိသည်။

ဗိုလ်ချုတ်က အပေါ်ထပ်ကိုတက်သွားတာမလို့ ထိုအခန်းထဲမှာတော့ လူတစ်ယောက်မှမရှိပေ။ သေချာကြည့်မှ စာကြည့်တိုက် အခန်းလေးဖြစ်နေတာမလို့ ဂျောင်ဂုလည်းဟိုငေးဒီငေးလိုက်ကြည့်နေလိုက်သည်။

ကြီးမားတဲ့ စာအုပ်စင်ကြီးတွေနဲ့ ရှေးဟောင်း
ပန်းချီး‌ကားချပ်တွေဟာလည်း ထင်ထင်ရှားရှားမြင်တွေ့နေရသည်မို့ အနည်းငယ်တော့ အံဩသင့်မိပါရဲ့စာအုပ်စင်နားဘက်သို့ လျှောက်လာရင်း ပြတင်းပေါက်နားက စားပွဲခုံအဝိုင်းလေးကိုတွေ့တော့ ခနလောက်ရပ်ကြည့်နေမိပါသည်။

စားပွဲခုံပေါ်တွင် အလှပန်းအိုးတစ်လုံးရှိနေပြီး ထိုပန်းအိုးထဲတွင် နှင်းဆီဖြူများကိုလည်းတွေ့ရသည်။
နှင်းဆီဖြူပွင့်ဖက်လေးကို ကိုင်ကြည့်ရင်း ဘေးနားမှာ မှောက်ရက်သားလဲကျနေတဲ့ ဓာတ်ပုံမှန်ဘောင်လေးတစ်ခုကိုတွေ့တော့ လက်တွေဟာ သတိမထားမိလိုက်ချိန်မှာ ထိုဓာတ်ပုံကိုလှန်ကြည့်မိသွားခဲ့သည်။

ထိုဓာတ်ပုံထဲက လူ‌လေးယောက်ဟာ ဗိုလ်ချုတ်ကြီးရဲ့မိသားစုဓာတ်ပုံဆိုတာမှန်း ဂျောင်ဂုတန်းသိသည်။
ဗိုလ်ချုတ်လက်တွဲထားတဲ့ ကောင်လေးဟာ ဆရာဂျင်မှန်းသိရပြီး အမျိုးသမီးတစ်ယောက်ရဲ့
ချီထားသည့် ကောင်လေးကိုကြည့်လိုက်တော့ ထိုဓာတ်ပုံကို ဂျောင်ဂုနားမလည်သလိုဖြစ်သွားရသည်။

🎩 Police Jeon 🎩Where stories live. Discover now