🎩 Police Jeon 🎩
Ep-18 ⚠️
............
ဒီနေ့တော့ ဂူဝန်းရဲ့အိမ်ကိုသွားဖြစ်သည်။
စခန်းကလူတွေလည်းအကြောင်းမျိုးစုံသိ ပြီးကြပြီမလို့ ရဲဖော်ရဲဘက်တွေလည်း စိတ်မကောင်းကြကာဂူဝန်းရဲ့မိသားစုကို ဂျောင်ဂုကိုယ်တိုင်သွားရောက်တောင်းပန်ခဲ့သည်။
ရာသီဥတုက သိပ်မကောင်းတာကြောင့် စောစောပြန်လာခဲ့ပြီး မီးပွိုင့်တနေရာတွင် ကားရပ်ရင်းဘေးဘက်သို့လှည့်ကြည့်လိုက်ရာ ထယ်ယောင်းရဲ့အဖေကားကိုတွေ့လိုက်ရတာမလို့ ဂျောင်ဂု အမြန်ကားမှန်ကို ဆွဲချကာလှန်းအော်ခေါ်လိုက်တော့....
:ဗိုလ်ချုတ်
သူလှန်းခေါ်တာကို ကြားသွားတဲ့ ဗိုလ်ချုတ်ကတော့မျက်နှာတည်တည်ဖြင့် တချက်လှန်းကြည့်သည်။
:မင်းပဲ
:ကျတော်ပြောထားတဲ့ကိစ္စရော
:ကျစ်! ဘာလို့အော်နေတာလည်း
:ဗိုလ်ချုတ် အိမ်ပြန်မလို့လား ကျတော်လိုက်လို့ရမလား
:မင်းကဘာလိုက်လုပ်မှာလည်း
:စာရွက်စာတန်းတွေ ပြန်ယူမလို့လေ
:တကယ်ကြီး မင်းကိုယ်တိုင်စီစဉ်တော့မလို့လား
:အဲ့လိုလည်းမဟုတ်ပါဘူး ကျတော့်ဗိုလ်မှူးနဲ့ဆက်လုပ်ရမဲ့ကိစ္စတွေရှိလို့ပါ အဲ့ကြောင့်စုံစမ်းထားတဲ့စာရွက်စာတန်းတွေပြန်ယူမလို့
ကားထဲကနေ ခေါင်းထွက်ကာပြောနေတဲ့ ဂျောင်ဂုကြောင့် ဟွန်ဂျွန်းမျက်နှာဟာပျက်ရွင်းနေရသည်။
:ကျတော်လိုက်လို့ရတယ်မလား
:.......
:ဗိုလ်ချုတ်.....
:ကျစ်! လိုက်ခဲ့!
ဒီကောင်သာ ဆက်အော်နေရင် သူက ရဲဆိုတာတကမ္ဘာလုံးသိကုန်တော့မှာမလို့ ဟွန်ဂျွန်းလည်းလိုက်ခဲ့ဖို့သာပြောလိုက်ရပြီး မီးပွိုင့်စိမ်းတော့ အရှေ့ကနေမောင်းထွက်လာလိုက်သည် ဂျောင်ဂုကားလည်းအနောက်ကနေလိုက်လာ၏
ဗိုလ်ချုတ်အိမ်ဆီသို့ရောက်တော့ ကားရပ်ကာ အိမ်ထဲဝင်လာပြီး ဧည့်ခန်းတနေရာတွင် ဂျောင်ဂုထိုင် စောင့်နေရသည်။ ဗိုလ်ချုတ်ကတော့ သူ့ကိုတချက်ကြည့်ကာ အခန်းတခန်းထဲသို့ဝင်သွားသည်။
YOU ARE READING
🎩 Police Jeon 🎩
Action:လက်မြှောက်လိုက်ကောင်လေး :ခဗျားကရဲလား :မဟုတ်ဘူး ယောင်သွားလို့.... #jungkook👮 #Taehyung 🕵️
