အပိုင်း ( ၇ )

Start from the beginning
                                    

နန်းလွန်း ရင်တွေ ပူလာသည်...အတွေးတွေသည် ချက်ချင်းပင် ခေါင်းသေးသေးလေးထဲ နေရာယူလိုက်ပြန်သည်။

ဟင့်အင်း...မဟုတ်ဘူး နန်းလွန်းနောင်...

မောင်က...မောင်က ငါ့ကို ယုံတာ

ဟုတ်တယ် မတွေးစမ်းနဲ့...နန်းလွန်းနောင်

နန်းလွန်း စိတ်ထဲတွင် ပြောနေမိသည်။ထို့နောက် လှိုင်ထိပ်ထားစံသည်...

" မင်းကို တကယ်မချစ်လို့လေ!! "

" မင်းက သိပ်အပေါစားဆန်တာပဲ!! "

" ကိုယ့်အဖြစ်ကို ကိုယ်မသိဘဲ...
ဇွတ်တွေ လိုက်ကပ်နေတာ "

နန်းလွန်းကိုယ်လေး တစ်ချက်တုန်သွားလေသည်...လှိုင်ထိပ်ထားစံ မြင်လိုက်မည်တော့ မဟုတ်။အပေါစားဆန်သည်တဲ့လေ ကျနော့်ကို...ဒီမိန်းမကများ။နန်းလွန်း အံကိုကြိတ်လိုက်ကာ...

" ဟုတ်လား...
မောင်ကတော့ အဲ့အပေါစားဆန်လွန်းတဲ့နန်းလွန်း‌နောင်ကို သိပ်ကို...သိပ်ကိုချစ်ပါတယ်တဲ့ "

" တကယ်လို့ မောင်မချစ်ဘူးဆိုလည်း...
နန်းလွန်းနောင်က ဂရုစိုက်ရမှာလား "

" မောင့်ကို ချစ်တယ်ဆို...
ရရင် ယူသွားလိုက်လေ ကြိုးစားကြည့်ပေါ့ "

နန်းလွန်းသည် လှိုင်ထိပ်ထားစံအား လှောင်ပြုံးလှလှလေးပြုံးပြ၍ ပြောလိုက်လေသည်။ဘယ်ကိစ္စမဆို အ‌တွေးများလွန်းသော ကောင်ငယ်လေး...မောင် ထားသွားမည်ကို သိပ်ကြောက်တတ်သည့်ကောင်ငယ်လေး...သိပ်ကို အားငယ်တတ်သည့် ကောင်ငယ်လေးသည် သူမဟုတ်သည့်အတိုင်းပင်...။

ပြောင်းလဲမှု‌တွေတွင် ခွန်စိုင်းမောင်သည် သူ့အဖိုးတန်လေးဆုံးရှုံးရမည်ဆိုး၍ မြိုသိပ်တတ်သော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ဆိုလျှင်...နန်းလွန်းနောင်သည်လည်း မည်ကဲ့သို့ ပြောင်းလဲသွားမည်နည်း။

" တောက်စ်!! ကိုယ့်ကိုယ်ကို သိပ်အထင်ကြီး‌နေတာပဲ...ဟုတ်ပြီလေ ဒို့ရအောင် ယူပြမယ် "

လှိုင်ထိပ်ထားစံ ‌ဒေါသတကြီး ပြော၍ လှည့်ထွက်သွားလေသည်။

နူးညံ့အားနည်းလွန်းသည်ဟု ထင်ခဲ့သော နန်းလွန်းနောင်ဆိုသူမှ ကျွန်မအား ကြည့်လာသော မျက်လုံးဝိုင်းဝိုင်းမှ စူးရှသောအကြည့်...ပြောသမျှယုံသော ရိုးအလွန်းသည်ဟုဆိုရမည့်ကောင်လေးမှ ကျွန်မအား အပေါ်စီးမှနေ၍ ပြောလာသော စကားများ...။ကျွန်မ တစ်ဖက်လူကို သိပ်ကို အထင်သေးနေမိခဲ့တာပဲ...ထိုနူးညံ့မှုလေးသည် ကြောင်ငယ်လေးမှ ကျားရိုင်းတစ်ကောင်နှယ်ပင်။

မောင် ပိုင်သည်...Where stories live. Discover now