အပိုင်း ( ၅ )

101 10 8
                                    

ကံကြမ္မာဆိုတာကို ယုံကြလား...
လူတွေ ပြောပြောနေသည့် ကံမံရာအတိုင်းသာဆိုလျှင် ဒီဇာတ်လမ်းလေးသည်လည်း ထိုကံကြမ္မာကြီးသည် ဘယ်လိုများ စီမံလိမ့်မည်နည်း။

...............

ဒီတစ်ခေါက်‌ ကျောင်းပိတ်ရက်လေးသည် နန်းနှင့်အတူ ပထမဆုံးချစ်သူဆက်ဆံရေးဖြင့် ဖြတ်သန်းခဲ့သော ကြည်နူးစရာကောင်းခဲ့သော ကျောင်းပိတ်ရက်လေး ဖြစ်ခဲ့လေသည်။

ကျောင်းပိတ်ရက်ပြီးသည့်နှင့် ကျောင်းပြန်ဖွင့်၍ ခွန်စိုင်းသည် နန်းလွန်းလက်သေးသေးလေးအား ဆုတ်ကိုင်၍ ကျောင်းကို လာခဲ့လေသည်။အင်မတန်လှပသော မနက်ခင်းလေးပင်...ချစ်ရသူ၏လက်လေးအား ဆုတ်ကိုင်၍ ကျောင်းလာရသော ခံစားချက်သည် သိပ်ကြည်နူးစရာကောင်းလှသည်။ကျောင်းမှလူအားလုံးကို ဒီလူသားငယ်သည် ကျုပ်အပိုင်ဟု ကြော်ငြာလိုက်သည်ပင် ဖြစ်ပေသည်။ခါတိုင်းနေ့တွေကဲ့သို့ပင်... နန်းအတန်းအား လိုက်ပို့၍ မိမိအတန်းကို လာခဲ့လေသည်။

" စိုင်း...ရော့ စိုင်းဖုန်း ဟိုနေ့က ကန်တင်းမှာ စိုင်းမေ့နေခဲ့လို့လေ...အဲ့တာ ဒို့သိမ်းပေးထားတာ "

ခွန်စိုင်း အတန်းထဲ ဝင်လာချိန် လှိုင်ထိပ်ထားစံတစ်ယောက် ရှေ့မှပိတ်ရပ်၍ ပြောလိုက်ခြင်း ဖြစ်ပေသည်။

" နောက်တစ်ခါ ငါနဲ့လာမပတ်သတ်ပါနဲ့ "

ခွန်စိုင်းသည် လှိုင်ထိပ်ထားစံ ပေးနေသောမိမိဖုန်းအား ယူလိုက်၍ ဘေးမှ အမှိုက်ပုံးထဲ ထည့်ကာ ပြောလိုက်လေသည်။

ခုလည်း လက်ထဲ ဖုန်းအသစ်တစ်လုံး ရှိနေသည်ပဲ...သည်ဖုန်းတစ်လုံးကြောင့်ဖြင့် ထိုမိန်းမနှင့် မပတ်သတ်ချင်။သာယာတဲ့မနက်ခင်းလေး...ကြည်နူးစရာကောင်းသည့် နေ့တစ်နေ့ရဲ့ မနက်ခင်းလေးအား ဒီမိန်းမကြောင့် မညှိုးနွမ်းချင်။ဒီမိန်းမ မြင်သည်နှင့် စိတ်က အလိုလိုပင် တိုလာလေသည်။ဟိုတစ်‌နေ့က ကိစ္စကိုပင် အခဲမကြေ...သူကများ ဘဝငယ်ကို ဝမ်းနည်းစေတယ်တဲ့လေ။

" ဒို့က...ဘာလုပ်မိလို့လဲ
အော် ဒါနဲ့...အဲ့နေ့က စိုင်းထွက်သွားပြီး မကြာဘူး ဖုန်းတစ်ကော ဝင်လိုက်သေးတယ် "

မောင် ပိုင်သည်...Where stories live. Discover now