ဆုတောင်းနှင့်ကျိန်စာသည်ပြည့်ခဲ့ပါရဲ့

791 4 0
                                    

Zawgyi

တစ်ခါတုန်းက နတ်ဆိုးဘုရင် ဂျွန်စီရာ က ကောင်ကင်မင်းကြီးရဲ့ အထွေးဆုံးသားတော် အိုဝူယောင်းကို ကောင်းကင်မင်းကြီးထံ ဒူးထောက်တောင်းရမ်းခဲ့ပေမယ့် မောက်မာ အငြိုးကြီးတဲ့ ကောင်းကင်မင်းကြီး အိုအီဆူ သည် နတ်ဆိုးဘုရင်ကြီးနှစ်ပေါင်း ၅၀၀တိုင်အောင် ကောင်းကင်နယ်နိမိတ်စည်းရှေ့ ဒူးထောက်နေခဲ့ပေမယ့် စာတစ်ချက်မထုတ်ပြန်ခဲ့ပါ။ နှစ်ပေါင်း ၆၀၀ပြည့်မဲ့နေ့ မှ ထုတ်ပြန်ခဲ့သောစာလွှာသည်လည်း အိုဝူယောင်းနှင့် မီးနတ်သမီး၏ မင်္ဂလာ ဖိတ်စာလွှာဖြစ်နေခဲ့သဖြင့် နတ်ဆိုးဘုရင်ကြီးသည် ဆိုးဆိုးဝါးဝါး အမျက်ထွက်ကာ သူ၏နတ်ဆိုးတိုင်းပြည်သို့ ဒေါသတကြီး ကောင်းကင်တိုင်းပြည်သို့ စစ်ချီမည်ဖြစ်ကြောင်း အမိန့်ထုတ်ခဲ့သည်။ နှစ်ပေါင်း ၆၀၀တိုင်အောင် ပျောက်ဆုံးနေခဲ့သော နတ်ဆိုးဘုရင်ကြီး​ရုတ်တရက် ရောက်လာပြီး ကောင်းကင်တိုင်းပြည်သို့ စစ်ချီမည်​အမိန့်ထုတ်လာသည်ကို အံ့ဩနေချိန်ပင်မရ နတ်ဆိုးများသည် ငရဲမီးတောင်ကြီးထဲ ခုန်ချကာ ကောင်းကင်တိုင်းပြည်ထဲ ဝင်ရောက် စီးနင်းဖို့ အလုပ်တွေ ရှုပ်ကုန်ရသည်။ ဤတိုက်ပွဲသည် မသေမျိုး သမိုင်းတစ်လျှောက်တွင် အကျော်ကြားဆုံးနှင့် ကြောက်စရာအကောင်းဆုံး မဟာတိုက်ပွဲကြီးဖြစ်ခဲ့ပြီး ကောင်းကင်မင်းကြီး၏အထွေးဆုံး သားတော်လေး အိုဝူယောင်း ၏ နတ်သက်ကြွေသောနေ့ ဖြစ်ခဲ့ရာ ကောင်းကင်မင်းကြီးကို သတ်ပြီးမှ ချစ်ရသူ၏ ကိုယ့်ကိုကိုယ် စတေးခံပြီး တိုက်ပွဲအတွင်းရှိ မသေမျိုးတိုင်းကို မိမိမှအပ ချိတ်ပိတ်လိုက်သော မြင်ကွင်းကို နှလုံးကွဲမတတ် အံ့ဩစွာ မြင်လိုက်ရသော ချစ်တတ်သူကြီး နတ်ဆိုးဘုရင်ကြီး ဂျွန်စီရာသည် လည်း ချစ်ရသူနောက် ဘဝအဆက်ဆက်ပြန်တွေ့ပြီး ဘယ်လိုနည်းရှိရှိ ပိုင်ဆိုင်ရစေရမည် ဟု ဆုတောင်းကျိန်စာပြုလုပ်ခဲ့ပြီး နှလုံးကို ဖောက်ခွဲကာ သတ်သေသွားသော နတ်ဆိုးဘုရင်ကြီးနှင့် ရေနတ်ဘုရားငယ် အိုဝူယောင်းတို့၏ အချစ်ဇာတ်လမ်းလေးသည် မသေမျိုးတစ်လျှောက် နှစ်ပေါင်း ၃သိန်းကြားပြီးနောက် ပုံပြင်တစ်ခုခုသာ ပြောစမှတ်တွင်တော့သည်။

[Taekook Os] စုစည်းရာUnde poveștirile trăiesc. Descoperă acum