Liu Yaowenနဲ့ Song Yaxuanက Villaကိုပြန်ရောက်တော့ Yan Haoxiangနဲ့Zhang Zhenyuanကတံခါးဝဆီကိုလျှောက်လာနေကြသည်။
သူတို့က ကားပေါ်ကနေဆင်းလာတာကိုလည်း
တွေ့ရော Zhang Zhenyuanက အဝေးကနေစကားလှမ်းပြော၏။"Yaxuan မင်းဘာတွေဝယ်လာတာလဲ"
Song Yaxuanက ပြုံးပြီးပြန်ဖြေ၏။
"အကုန်လုံးကမင်းကြိုက်တဲ့စားစရာတွေကြည့်ဘဲ"Yan Haoxiangက Song Yaxuanရဲ့ခေါင်းကိုပုတ်လိုက်ပြီး"ငါကြိုက်တဲ့မုန့်ကိုကျတော့မဝယ်ခဲ့ဘူးပေါ့"
Zhang ZhenyuanကYan Haoxiangကိုပြုံးပြီးတံတောင်နဲ့တွတ်လိုက်သည်။
"Yan Haoxiang?"
Liu Yaowenက သူလက်ထဲကအိတ်ကိုတင်းတင်း
ကျပ်ကျပ်ဆုတ်ကိုင်ထား၏။Zhang Zhenyuanနဲ့
Yan Haoxiangအထဲဝင်သွားတဲ့အခါမှာတော့
ရုတ်တရက်Liu YaowenကSong Yaxuanရဲ့လက်ကိုဆွဲကိုင်လိုက်တယ်။လူတွေက တစ်ကယ်ကိုထူးဆန်းတယ်။
သိသိသာသာကို စိတ်အားထက်သန်စွာငြင်းခုံတာတွေမရှိပေမယ့်၊ စကားထဲမှာတက်တက်ကြွကြွ အာရုံခံစားမှုတွေမရှိပါဘဲနဲ့ Song Yaxuanက Zhang Zhenyuanနဲ့Yan Haoxiangကို အရူးလေးလိုဖြူဖြူစင်စင်ပြုံးပြနေ၏။ထိုအရာကိုမြင်တော့ Liu Yaowenကမေးချင်တာတွေပေါ်လာတယ်။
သူဒီနှစ်တွေမှာဘယ်လိုနေခဲ့တာလဲလို့မေးချင်သည်။
ထို့အပြင်ဘာလို့များထွက်ပြေးသွားရတာလဲဆိုတာကိုမေးချင်သည်။
Supermarketထဲမှာရှိတုန်းကနဲ့Taxiထဲမှာရှိနေတဲ့
အချိန်တုန်းက လေထုကအလွန်ကောင်းမွန်နေတာကြောင့် ယခုအခါဆုံးရှုံးသွားရတဲ့ခံစားချက်က အမှန်တစ်ကယ်ပင်စစ်မှန်လှသည်။သူရဲ့စိုးရိမ်ကြောင့်ကြစိတ်နဲ့ အကျိူးသင့်အကြောင်းသင့်လုပ်သင့်တယ်ဆိုတဲ့စိတ်က အချင်းချင်းရန်ဖြစ်ပြီးတဲ့နောက်မှာတော့ စိုးရိမ်ကြောင့်ကြစိတ်ကအနိုင်ရရှိသွား၏။
Liu Yaowenက Cameramanတစ်ယောက်ကို
သူလက်ထဲမှအိတ်ကို ဖြစ်သလိုပစ်ပေးလိုက်ပြီး
အရှေ့ကသွားစေတော့တယ်။အခြားCameramanကလည်း အနောက်ကနေလိုက်သွားတော့တယ်။Song Yaxuanက ခေါင်းငုံလိုက်ပြီးတော့
သူရဲ့လက်မောင်းကိုကိုင်ထားတဲ့ သူလက်ကိုကြည့်ပြီး သူကိုလှည့်ကြည့်လာတယ်။