လျှိုရှီခွမ်းရဲ့ အခြွေအရံမိန်းကလေးက လျှိုရှီခွမ်းအနားကို တိုးကာပြောတယ်။

"ငါပြန်လိုက်တော့မယ် ရှီခွမ်း.."

ဆံပင်တွေကို သပ်ရပ်အောင်ပြင်ဆင်နေတဲ့ လျှိုရှီခွမ်းက သူ့ကို ခေါင်းညိမ့်ပြုံးပြတယ် ။

လျှိုရှီခွမ်းရဲ့ အခန်းဆောင်ကနေ ​ပြန်ထွက်သွားတော့မယ့် သူနဲ့ လျှိုရှီခွမ်းရဲ့အခန်းဆောင်ထဲကို ဝင်ရောက်လာတဲ့ အရှင့်သား။ ဘေးချင်းယှဥ်ကာ ဖြတ်သွားတော့မယ့် အခိုက်အတန့်မှာ လက်ကောက်ဝတ်တစ်ဖက်က တင်းရင်းစွာ အဆွဲခံလိုက်ရတယ်။

"အရှင့်သား.."

အရှင့်သားက လျှိုရှီခွမ်း ရှေ့မှာတောင် သူ့ကို မရှောင်တော့..။

"​မင်းက ငါ့ကိုမမြင်တာလား"

မြဲမြံစွာ ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေကို သူဖယ်ခွာလို့မရ။

"မြင်.. မြင်ပါတယ် "

အနောက်မှာ ရှိနေတဲ့ လျှိုရှီခွမ်းကို သူလှည့်ကြည့်တော့ လျှိုရှီခွမ်းက မျက်နှာပျက်သွားတယ်။

"မြင်တယ်ဆိုရင် ငါတစ်ယောက်လုံးလာတာတောင် ဘာကြောင့် ဂရုမစိုက်နိုင်ရတာလဲ"

သူ့အနောက်မှာရပ်နေတဲ့ လျှိုရှီခွမ်းကို အားနာတာရော၊ ရဲရဲတင်းတင်း စိုက်ကြည့်နေတဲ့ အရှင့်သားကိုကြောက်တာရော ပေါင်းပြီး မျက်လုံးတွေက ပြာဝေလာတယ်။

"ငါမေးနေတာ ဖြေလေ.."

မူးနှောက်လာသည့်ကြားမှ အရှင့်သားက သူ့ပခုံးနှစ်ဖက်ကို လှုပ်ခါရမ်းလိုက်တာကြောင့် သူ့မြင်ကွင်းဟာ မှောင်လျက်သားဖြင့် ပိတ်ကျသွားတယ်။

"ဝမ်ရိပေါ်.. " "ရိပေါ်.. "

.
.

အိပ်ရာပေါ်မှာ အိပ်စက်နေတဲ့ ဝမ်ရိပေါ်ရဲ့ လက်တစ်ဖက်ကို သမားတော်ကြီးကကိုင်ရင်း သွေးကြောလေးတွေကို ဖိစမ်းနေတယ်။ ထူးထူးခြားခြား ခုန်လှုပ်နေတဲ့ သွေးကြောအမျှင်လေးကြောင့် သမား​တော်ကြီးက စိတ်ထဲမှာတော့ ဇဝေဇဝါ။

စမ်းသပ်မှုကို စောင့်ကြည့်နေတဲ့ အရှင့်သားရှောင်းကျန့်နဲ့ ကြင်ယာတော်လောင်းလျှိုတို့ကြောင့် ဟန်မပျက်အောင်ထိန်းပြီး ကြင်ယာတော်လောင်းဝမ်ရဲ့ လက်တစ်ဖက်ကို အသာပြန်ချလိုက်တယ်။

𝐒𝐭𝐚𝐫𝐞 & 𝐒𝐢𝐧 [Completed] Unde poveștirile trăiesc. Descoperă acum