Zawgyi
အဆုံးအစ မမြင်နိုင်တဲ့ ကျယ်ပြောလှတဲ့
သမုဒ္ဒရာကြီးရဲ့အလယ်က
ကျောက်ဆောင်မြင့်တစ်ခု...
ထိုကျောက်ဆောင်ပေါ်မှ
မိုးခြိမ်းသံကိုတောင်ဖုံးလွှမ်းသွားစေ
နိုင်တဲ့ဟိန်းသံကြီးတစ်သံထွက်ပေါ်
လာလေတယ်...ပိန်ပါးသွယ်လျတဲ့ခန္ဓာကိုယ်လေးကို
ရစ်ပတ်ထားပြီး ထိုလူသားဟာ
သူ့အပိုင်ပါလို့ဟစ်ကြွေးနေသယောင်
လှိုင်းလေထန်တဲ့ မိုးကြီးလေကြီးတွေ
ကိုအံတုရင်း အဆတ်မပြတ်
အော်ကြွေးမြည်တမ်းနေတဲ့
အနက်ရောင်ဧရာမမြွေကြီးတစ်ကောင်...
မြွေကြီးရဲ့ရစ်ပတ်ထားခြင်းခံရတဲ့
လူသားကောင်ငယ်လေးမှာတော့
မြွေကြီးရဲ့ထိုသို့အပြုမူကို
မနှစ်မြို့သဖွယ် မရမှန်းသိနေပေမဲ့လည်း
ရုန်းကန်လှုပ်ရှားမိနေဆဲပါပဲ..."မဟုတ်ဘူး...ငါကမင်းရဲ့အပိုင်မဟုတ်
ဘူး!...မဟုတ်ဘူး!!!..."သွေးနီရောင်မွှေ့ယာထက် နီရဲတောက်ပ
တဲ့ခေါင်းအုံးထပ်မှာခေါင်းချမှေးဆတ်
နေတဲ့ ကောင်ငယ်လေးတစ်ယောက်
ဟာဒီနေ့လဲချွေးသံရွှဲရွှဲနဲ့နိုးလာခဲ့ရပြန်
ပြီ...
အိပ်ယာမှဆတ်ခနဲထထိုင်ပြီး
ဝိုင်းစက်နေတဲ့မျက်ဝန်းလေးကို
အလုံးစုံဖွင့်ပြီး ကျီးကန်တောင်မှောက်
ပတ်ကြည့်ပြီးကာမှ သက်ပြင်းငွေ့ငွေ့
ချနိုင်လေတယ်..."ထပ်ပြီးဒီအိပ်မက်ပဲလားကွာ..."
သဘာဝအရ ပန်းရောင်ပြေးနေတဲ့
နှုတ်ခမ်းပါးလေးမှနေမကျေနပ်သံလေး
ကတိုးညှင်းစွာထွက်လာခဲ့တယ်...
ဟုတ်တယ်...
သူဒီအိပ်မက်ကိုလွန်ခဲ့တဲ့၇နှစ်လောက်
တည်းက စ မက်ခဲ့တာ...
ခုဆိုသူ့အသက်၂၅နှစ်ရှိခဲ့ပြီ...
သူ့အသက်၁၈နှစ်ထဲက စ မက်လာခဲ့
တဲ့အိပ်မက်ပေါ့...ဘေးပတ်ပတ်လည်ရေတွေဝန်းရံ
နေပြီးမှောင်မဲနေတဲ့ပတ်ဝန်းကျင်...
အလင်းရောင်ဆိုလို့လျှပ်စီးလက်တိုင်း
လင်းသွားတဲ့အလင်းစီးကြောင်းသာ
ရှိလေရဲ့...
ထိုနေရာမှာသူရယ်နောက်ပြီး
သူ့ကိုရစ်ပတ်ထားတဲ့ ကြောက်စရာ
မြွေနက်ကြီး၁ကောင်ရယ်...
အစကတော့ပေါက်ကရအိပ်မက်ပဲ
လေဟုသာသတ်မှတ်ထားပေမဲ့
ကြာလာတော့ထိုအိပ်မက်ဟာ
သူ့ကိုအနှောက်ယှက်ဖြစ်လာစေခဲ့
ပြီး အိပ်မရတဲ့ရက်တွေဟာ
နေ့စဉ်ရက်ဆတ်ဖြစ်လာခဲ့တော့တယ်...
ဖြစ်စဉ်ကြီးက တကယ့်လက်တွေ့
ဆန်လွန်းလှတာကို...
YOU ARE READING
🐉 The beast island 🐉
Fanfictionစစ်ထွက်ဗိုလ်ဟောင်းဝမ်ရိပေါ်နှင့် သရုပ်ဆောင်အဆိုတော်ရှောင်းရှောင်ကျန့် တို့၂ယောက်ဟာ အပန်းဖြေခရီးထွက်တဲ့ သဘောင်္ပေါ်မှာစတင်တွေ့ကြတယ်... ပင်လယ်ထဲမှာ လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ တိုက်ခိုက်ခြင်းခံရပြီး အပန်းဖြေသဘောင်္ အပိုင်စီးခံလိုက်ရတယ်... ပင်လယ်ထဲရောက်ရာပေါက်ရ...