လီဆာ နိုးလာတော့ သူ့ကို ရင်ခွင်ထဲ ထည့်ကာ ဖက်ကာ အိပ်နေသော သူမ၏ poopဆိုတဲ့ လူဆိုးမကြီး။

အမှန်တော့ လီဆာ သူ့ကို poop ဆိုတဲ့ နာမ်စားထက် ကောင်းတဲ့ နာမ်စားလေး ပေးမလို့ပါပဲ။

ဒါပေမယ့် သူက လီဆာ့ကို အနိုင်ကျင့်လွန်းသည်။အခွင့်ရေးယူလွန်းသည်။ဒါကြောင့် poopဆိုတာလည်း သူမနဲ့ လိုက်တာကြောင့် မဆိုးဘူး ဆိုပြီး အတွေးဝင်ကာ ခေါ်လိုက်ခြင်း ဖြစ်သည်။

လီဆာ သူမ၏poopရဲ့ မျက်နှာလေးကို တစ်စိမ့်စိမ့် ကြည့်နေမိသည်။
လှသည် တော်တော်လေးကို လှသည်။poopက နှင်းဆီပန်းလေး တစ်ပွင့်လိုပင်။ ဘာမှ လိမ်းခြယ်ထားခြင်း မရှိသလို သဘာဝ အတိုင်း လှနေတဲ့ ဖြူစင်လွန်းလှတဲ့ နှင်းဆီလေး တစ်ပွင့်။

လီဆာ poopရဲ့ မျက်နှာ အစိတ်အပိုင်းလေးတွေကို ထိကြည့်နေသည်။ တဖြည်းဖြည်းနဲ့ နှုတ်ခမ်းနားသို့ ရောက်တော့..လီဆာ. နှလုံးခုန်သံဟာ ရပ်တန့်သွားမလို... လိုလိုနဲ့

လီဆာ ထိုသို့ ထိတွေ့နေစဉ်
Poopင လုပ်ရှားလာတာကြောင့် လီဆာ အမြန်ပင် လက်ကို ရုတ်ကာ ပြန်ပြီး အိပ်ချင်ယောင် ဆောင်လိုက်သည်။

ချယ်နိုးလာတော့ သူ့ရင်ခွင်ထဲက ကလေးကို ကြည့်ကာ ပြုံးနေသည်။
"Baby အိပ်နေတာလေးက ချစ်စရာကောင်းလိုက်တာ မွ.. မွ"ဟု ပြောပြီး ချယ် လီဆာ ပါးနှစ်ဖက်ကို နမ်းကာ

"baby လေးကို ခဏနေမှ နိုးတော့မယ် အခုတော့ ဘေဘီလေးနိုးရင် အဆင်သင့် ဖြစ်နေအောင် မနက်စာလုပ်ပေးရမယ်..မွ.. ဆက်အိပ်လိုက်ဦး Mommyရဲ့ baby"ဆိုပြီး လီဆာရဲ့ နဖူးကို နမ်းကာ ချယ် ထသွားသည်။

ချယ်ထသွားမှ... လီဆာလည်း
"ဟူး မကြားသွားဘူး ထင်တယ်.. တော်သေးတာပေါ့"ဟု ပြောပြီး လီဆာ အခုန်မြန်နေတဲ့ နှလုံးလေးကို ဖိထားကာ

'လီဆာ နင်သူ့ကို ကြိုက်နေတာလား... သတိကပ်စမ်း... ကပ်စမ်း

"ဘာတွေ ကပ်နေတာလဲ ဘေဘီ"

လီဆာ ထိုသို့ ပြောနေစဉ်
ချယ် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။

"အမလေး"
💭သူကြားသွားတာလား

"တို့ ရုပ်က အဲလောက်ကြောက်စရာ ကောင်းလို့လား ဘေဘီ"

Mommy rose'(Completed) Where stories live. Discover now