ဖုတ်ကောင်အပြည့်နှင့် ကမ္ဘာပျက်ကြီး ပေါ်ပေါက်လာပြီး ကမ္ဘာပျက်​ကြောင်း သတင်းအခိုင်အမာ ပြန့်နှံ့လာချိန်တွင် စွန်းလင်းမှာ လန်သဲ့ဘက်ကို သွားနေသည့် သူ၏ကားဟောင်းအတွင်း၌ ရှိနေသည်။ သူ့ကားရေဒီယိုက တကျွိကျွိမြည်​နေရင်း မကြာခဏဆိုသလို သီချင်းသံ သို့မဟုတ် သတင်းများ ထုတ်လွှင့်​နေသည်။ တကျွိကျွိမြည်သံများကြားတွင် စွန်းလင်းသည် အသဲအသန် အော်ဟစ်နေသည့် လူတစ်ဦး၏ အသံကို ကြားလိုက်ရကာ ထိုသူက တစ်စုံတစ်ခုကို သတိပေးနေပုံရသော်လည်း သူ နားမလည်နိုင်ပေ။

သူ့ခရီးစဉ်အတွင်း ကားအမြောက်အမြားသည် ဆန့်ကျင်ဘက်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဖြတ်​မောင်းသွားကြသည်ကို တွေ့​နေရသည်။ သူ့ကိုဖြတ်သွားသော ကားများအားလုံးက ဟွန်းများတီးလာပြီး အတွင်းရှိလူများသည် လက်ကို ဝှေ့ယမ်းပြနေကြသည်။

စွန်းလင်းသည် ထိုနေ့က လူများ၏အပြုအမူမှာ ထူးဆန်းနေသည်ဟု ထင်သော်လည်း သိပ်ပြီးအလေးအနက်မထားခဲ့ပေ။ လန်သဲ့သည် သူ၏ ခရီးပန်းတိုင်ဖြစ်ပြီး ထိုနေရာသို့ ရောက်သည်အထိ တစ်ချက်မှ မရပ်တန့်ခဲ့ပေ။ ညဘက်​တွေဆို ကားထဲမှာ အိပ်စက်ပြီး ဗိုက်ဆာလာလျှင် ပြင်ဆင်ထားသည့် အဆာပြေမုန့်တွေကို စားသည်။ မည်သို့ပင်ဆိုစေ သူသည် တည်းခိုခန်းတွင် တည်းခိုဖို့ သို့မဟုတ် စားသောက်ဆိုင်တွင် စားသောက်ဖို့ ပိုက်ဆံမရှိတာကြောင့် သူ၏ ခရီးလမ်းတစ်​လျှောက်တွင် ပြဿနာမရှိခဲ့ပေ။

ဤသို့ဖြင့် သုံးရက်ကြာသွားသည်။

    သူ့အဆာပြေမုန့်​တွေ ကုန်သွား​လေပြီ၊ ရေလည်း ထို့အတူပင်။ ကား​နောက်ဖုံးထဲတွင် ဓာတ်ဆီပုလင်းငယ်​လေးတစ်ပုလင်းသာ ကျန်​တော့သည်။ သူ ဆက်မသွားနိုင်တော့​ပေ။ စွန်းလင်းအတွက် ကံကောင်းသည်က လန်သဲ့မြို့ဝင်ပေါက်ကိုရောက်ပြီးဖြစ်ကာ သူစုဆောင်းထား​သော ငွေအနည်းငယ်ဖြင့် ဗဟိုစူပါမားကတ်ကိုသွား​ရောက်ဝယ်ယူလိုက်လျှင် သူ့ပြဿနာအားလုံးကို ဖြေရှင်းနိုင်​ပေမည်။

ထို့ကြောင့် သူသည် မြို့တွင်းမြေပုံအတိုင်းသွားကာ လမ်းများနှင့် အဆောက်အအုံ​ပေါင်းများစွာကို ကျော်ဖြတ်လာသော်လည်း ​​နေရာတိုင်းသည် တိတ်ဆိတ်ငြိမ်သက်​နေပြီး ဗလာသာဖြစ်နေသည်။ လန်သဲ့မြို့၏ လူဦးရေအများစုမှာ သက်ကြီးရွယ်အိုများဖြစ်သောကြောင့် လမ်းများသည် ဤမျှအထိ ​ခြောက်ကပ်မ​နေသင့်​​ပေ။ ဘာတွေဖြစ်သွားတာပါလိမ့်။

ကမ္ဘာပျက်ကပ်မှာ ကျွန်​တော်ဝက်ဖြစ်လာတယ် [Completed✔]Where stories live. Discover now