မောင့်ဒိုင်ယာရီ

Start from the beginning
                                    

......

မရေးတော့ဘူး တွေးထားပေမဲ့ သည်ကနေ့အတွက်တော့ သည်တစ်ကြောင်းရေးမယ်။

*သူ သနပ်ခါးလိမ်းထားတဲ့အခါ သိပ်ကြည့်ရလှတာပဲ*

......

ယောက်ျားဖြစ်လျက် အဲ့သည်လောက်ပဲ လှရသလား။ သည်လူ့အပြုံးတွေ သိပ်လှတာတော့ ကျုပ်ဝန်ခံတယ်။

.......

သည်လူက သဘောဆိုးလွန်းတဲ့လူတော့ မဟုတ်ပါဘူး။ သဘောကောင်းပြီး အေးချမ်းလွန်းတယ်။

.......

အင်းးးးး သည်ညတော့ ကိုကြီး သာကူတစ်ယောက် အိပ်ရင်းကနေ အူတဘူဘူပေါက်နေခြင်းကျေးဇူးကြောင့် စာတွေ အများကြီးရေးဖြစ်မယ်ထင်ပါရဲ့။ သည်မိသားစုကလေးက အကျွမ်းဝင်လာလေတော့လည်း ချစ်စရာကောင်းသားဗျ။ ကျုပ်တို့ ဆရာရသတစ်ယောက် မီးဖိုခန်းထဲ အရက်ခိုးသောက်နေတာနဲ့ ကျုပ် ပက်ပင်းတိုးတယ်လို့ ပြောရင် ခင်ဗျားတို့ ယုံပါ့မလား မပြောတတ်ပါဘူးဗျာ။

သဘင်အိမ်မှာ ငွေတိုးချေးစားနေခြင်းအား ဆရာရသဆီ အတိုင်အတန်းမ​လုပ်ပါဘူးလို့ ကိုကြီးငွေခဲနဲ့လည်း ကတိပေးထားသေး။ အမြဲအိပ်ငိုက်နေတတ်တဲ့ ကိုကြီးငမှေးတစ်ယောက်မှာလည်း အခု ကျုပ်ဘေးမယ် အိပ်နေတာများ သိုးလို့။ အဖွဲ့ထဲမယ် အအေးဆုံး ကိုကြီး ရှမ်းလေးရဲ့ အချစ်အကြောင်း ကျုပ်သိထားတယ်ဆိုရင်ကော ယုံမလား။ ကျုပ်က ဘုရားနဲ့တရားနဲ့ ငါးပါးသီလလုံတဲ့ လူလိမ္မာကလေးဆိုတော့ ပေးထားတဲ့ ကတိကို မဖျက်တတ်ဘူး။ သို့ကြောင့်မို့ ကိုကြီးရှမ်းလေးရဲ့ အချစ်ဦးအကြောင်း ထည့်ရေးမနေတော့ပါဘူးလေ။

ဟိုလူနဲ့ကတော့ အဆင်ပြေပြေပါပဲ။ သည့်လူ့အပြုံးက ခပ်နွေးနွေးရယ်မို့ မြင်တဲ့သူတိုင်းအတွက် စိတ်သက်သာရာရစေတာအမှန်ပဲ။ ဘာနေနေပါလေ ကျုပ်က အမျိုးသားတစ်ဦးကို ဘယ်သောအခါမှ မေတ္တာမျှမှာ မဟုတ်လေဘူး။

........

သည်ကနေ့ ဟိုလူ့ဆီ ဟယ်ရင်တန်ထူးမော်ဆိုတဲ့ ရောက်ချလာသဗျ။ အဲ့သည်လူက ဟိုမရောက်သည်မရောက်အဝတ်အစားဆန်းဆန်းတွေ ဝတ်ထားတာကြောင့် ကျုပ်မျက်လုံးထဲတော့ ကန့်လန့်ကြီးရယ်။ ဟိုလူ့ကို ဂရုစိုက်လွန်းနေတော့လည်း ကျုပ် ကြည့်မရ။ အင်းးးး အဲ့သည့်ခံစားချက်ကို ပြောပြရရင်တော့ ခပ်ထူးထူးပါပဲ။ ကျုပ်လည်း မပြောပြတတ်တော့ပါဘူးလေ။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now