မိုးစက်

3 0 0
                                    

" သိလား၊ EXOရဲ့ အသစ်ထွက်တဲ့ သီချင်းလေ "

" ငါသိတယ်၊ ငါသိတယ်။ ငါဖြင့်လေ မေ့မြောမတတ်ပဲ "

ဘာတွေလဲ၊ သူတို့ ဘာတွေပြောနေကြတာလဲ။
သူတို့ပြောနေတာတွေကို ဘာလို့ နားမလည်ရတာလဲ။
သူမရဲ့ ချစ်ခင်လှပါတယ်ဆိုတဲ့ ငယ်သူငယ်ချင်းနဲ့ စကားရောဖောရောပြုနေသူက အခုမှပင် စတွေ့သူသာ။

သို့သော် ဘာရယ်ကြောင့်များ သူမ သူငယ်ချင်းက သူမထက် ထိုမိန်းကလေးနဲ့ ပိုလို့ စကားပြောအဆင်ပြေနေသည်။
သေချာပေါက် သူမထက်!

ထိုမိန်းကလေးကို အလုမခံနိုင်၊ သူမ သူငယ်ချင်းကို မပေးလိုက်နိုင်ပါ။

" အဲအဲ...နင်တို့ပြောနေတာ ရဲရင့်အောင်လား "

"..."

ထိုမိန်းကလေးနှင့်အတူ သူမသူငယ်ချင်းမှာ ငြိမ်သက်သွားကာ သူမထံသို့ ပုံဖော်ပြောရန် ခက်ခဲသော မျက်လုံးတို့ လှမ်းကြည့်လာ၏။

ထိုမျက်ဝန်းတို့တွင် ရှက်ရွံ့မှုတို့ မဟုတ်လျှင် အထင်သေးခြင်းတို့ မလွဲကိန်းအောင်းနေကြောင်း သူမ,သိသော်ငြား မမြင်ယောင်သာဆောင်လိုက်သည်။

သူမဆိုသော မိန်းကလေးမှာ မိုးစက်ဟုမည်ကာ သူမသူငယ်ချင်းလေးမှာတော့ ကေကေသူဟုခေါ်၏။

သူမတို့နှစ်ယောက်မှာ မူလတန်းကတည်းကပင် လည်ပင်းဖက်ပေါင်းလာကြသောသူနှစ်ယောက်။
ဆင်ခြေဖုံးမှ ကျောင်းငယ်လေးသာမို့ ကျောင်းသားနည်းသည့်အလျောက် အတန်းထဲ မိန်းကလေး၅ယောက်သာ ရှိသဖြင့် ထို၅ယောက်နှင့်ပင် အုပ်စုကျလျက် အလယ်တန်းရောက်ချိန်တော့ မြို့ပေါ်ကျောင်းသို့ ပြောင်းရကာ ကွဲသည့်လူကကွဲနှင့် မိုးစက်နှင့် ကေကေသူသာ ကျောင်းအတူကျ၏။

မဖုံးကွယ်တမ်းဆိုရလျှင် မိုးစက်မှာ ပေါင်းသင်းဆက်ဆံရေး အလွန်ဆိုးရွား၏။
ယခုအချိန်ထိ သိခဲ့သမျှ၊ ခင်ခဲ့သမျှ လူအားလုံးသည် မိုးစက်ဘက်မှ စတင်ခဲ့ခြင်းကြောင့် မဟုတ်ပါပဲ ထိုလူတို့မှ မိုးစက်ထံ လိုလိုလားလား ချိတ်ဆက်ခဲ့ခြင်းကြောင့်သာ။

မိုးစက်မှာတော့ ဘေးနားလူတစ်ယောက်ရှိနေလျှင်ပင် မနေတတ်သလို၊ တစ်ခုခုမှားယွင်းသွားမှာစိုးသလိုနှင့် အဆင်ပြေသည်မှာ ရှားလှ၏။

ပုံတိုပတ်စWhere stories live. Discover now