အပိုင်း (၁/u)

Start from the beginning
                                    

" မြရဝန်ကနေ ပြန်လည်ကြိုဆိုပါတယ် မြ "

အိမ်တော်ထဲမှ အပြေးလေးထွက်လာကာ နှုတ်ခွန်းဆက်လာသော အစ်မရီ၊ တစ်နည်းဆိုရလျှင် မစောရီ။ ပင်ကိုယ်ဟန်အပြုံးချိုချိုလေးနှင့် တိုင်းရင်းသူ။ အစ်မရီဟာ လွန်ခဲ့သောနှစ်ပေါင်းများစွာထဲက ယခုချိန်ထိ အိမ်တော်ထိန်းတာဝန်ကို ထမ်းဆောင်လာသူတစ်ယောက်ပင်။

" မတွေ့ရတာတောင် ကြာပြီနော် "

အနည်းငယ်တုန်ရီသွားသော စကားသံသည် ဝမ်းနည်းခြင်းတို့၏ သရဖူအားဆောင်းထားလေသလား။ မှိုင်းညို့ညို့မျက်ဝန်းတစ်စုံသည် မြင်ရသူတိုင်းအား ရင်မအေးစေပေ။

" ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ပဲ တွေးပါ မြရယ်။ မြကသိပ်တော်တဲ့ မိန်းမတစ်ယောက်ပါ "

မြ ပြိုလဲပြစ်လိုက်ချင်တယ် အစ်မရီရယ်ဟု စိတ်ထဲမှသာရေရွတ်မိ၏။ တကယ့်လက်တွေ့တွင်တော့ မပီမသအပြုံးတစ်ခုသာ တုန့်ပြန်ဖြစ်သည်။ မြဟာ ယခုလိုသိပ်ဟန်ဆောင်ကောင်းသော မိန်းမတစ်ယောက်ပါ အစ်မရီ။

" မြ တရေးတမောမှေးဦးမယ် အစ်မရီ။ ညစာပြင်ပြီးသာ စောင့်နေပါ။ ကိုယ့်ဘာသာ‌ဆင်းလာခဲ့ပါ့မယ် "

ကြောင်လိမ်လှေကားမှတစ်ဆင့် အပေါ်ထပ်သို့။ လှေကား၏ မျက်နှာမူရာ အရှေ့တည့်တည့်သည် မြရဲ့အခန်းသာဖြစ်၏။ ကျွန်းတံခါးချပ်အား တွန်းဖယ်လိုက်စဉ် နှာသီးဝသို့ ကျီစယ်လာသည့် ပိတောက်ပန်းရနံ့။

မှန်တင်ခုံရှိရာဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ ကိုယ်တစ်ပိုင်းနီးပါးပေါ်သော ထိုမှန်ချပ်ထဲရှိ မိမိပုံရိပ်အား ခပ်ဆွေးဆွေးကြည့်နေမိ၏။ တဖြည်းဖြည်းပြောင်းလဲလာသော မျက်နှာအမူအရာနှင့် မျက်ဝန်းများ။ ခက်ထန်လာကာ တစ်ခုခုအား ရွံရှာစက်ဆုပ်နေဟန်ဖြင့်။

" မြ မင်းကိုသိပ်မုန်းတယ် "

အမှတ်မရှိစွာ စီးကျလာသော မျက်ရည်တို့အား လက်ဖမိုးဖြင့် ခပ်ကြမ်းကြမ်းဖိသုတ်မိ၏။ ဒီမျက်ရည်‌တွေ၊ ဒီအကြိမ်နောက်ဆုံးဖြစ်ပါစေ။ မြရံခြယ်ဆိုသော မိန်းမဟာ ဘယ်လောက်ထိအသည်းမာကြောင်းကို အ‌တ္တကြီးသည့် တစ်စုံတစ်ဦးအားပြရပေမည်။

မူပိုင် [အတွဲ တစ်]Where stories live. Discover now