ယွီပင်းရှင်းပြတာကို ခေါင်းတငြိမ့်ငြိမ့်နှင့်လုပ်နေကြသော ကုမ္ပဏီရှယ်ယာရှင်များကို ရှောင်းကျန့်သေချာကြည့်နေမိပြီး သေချာတာကတော့ သူတို့ရဲ့စီမံကိန်းပရောဂျက်ကို မည်သူမှကန့်ကွက်မှာမဟုတ်တာကို အသေချာပင်သိနေဟန်....။

"ဟုတ်ကဲ့ အားလုံးလည်းနားလည်လောက်ပြီဆိုရင် ဒီပရောဂျက်ကိုကန့်ကွက်မဲ့သူရှိလားခင်ဗျ"

"မကန့်ကွက်ပါဘူး ဥက္ကဌရှောင်းကိုအားလုံးယုံကြည်ပြီးသားပါ"

"မကန့်ကွက်ပါဘူး"

ကန့်ကွက်သူမရှိတဲ့အခါ အစည်းအဝေးသိမ်းလိုက်ကြပြီး ဥက္ကဌရှောင်းမှ သူ့ရဲ့ရုံးခန်းသို့ပြန်သွားလေပြီ....။

"ခုနသန့်ရှင်းရေးကို တကယ်အလုပ်ထုတ်ရမှာလား ဘော့စ်"

"ငါစကားကို နှစ်ခါဘယ်တုန်းကပြောဖူးလို့လဲယွီပင်း"

"ဒါပေမဲ့ သူကအသက်ကြီးတဲ့သူဆိုတော့....."

"အသက်ကြီးတယ်ဆိုတိုင်း အလုပ်မှာပေါ့ပျက်ပျက်လုပ်တာငါမကြိုက်ဘူးယွီပင်း မင်းသိလား ငါကုမ္ပဏီထဲဝင်လိုက်တိုင်း သူအမြဲတစ်ခုမဟုတ်တစ်ခုလွဲနေတာမြင်ရတယ်....ကုမ္ပဏီရဲ့ပုံရိပ်ဟာ ရာထူးမြင့်မှရယ်မဟုတ်ဘူး အောက်ခြေဝန်ထမ်းတွေနဲ့လည်းဆိုင်တယ်....၊ ကုမ္ပဏီ lobby လိုနေရာမျိုးဆိုတာ သက်ဆိုင်ရာဌာနအသီးသီးဆီလာကြတဲ့လူတွေရှိမယ် ပြင်ပဧည့်သည်တွေဆိုလည်း အမြဲမပြတ်လာနေကြတာ နေ့တိုင်းသူ့ကြောင့်တစ်ခုမဟုတ်တစ်ခုစိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုရင် မင်းဘယ်လိုရှင်းမလဲ လူတိုင်းကသူ့ကိုမသိဘူး ဒါပေမဲ့ X Group ကိုတော့လူတိုင်းကသိကြတယ် ငါဘာကိုဆိုလိုချင်လဲမင်းသိမှာပါ"

"ကျွန်တော်နားလည်ပါပြီဘော့စ်"

"သူ့ကိုထုတ်ရင် အသက်ကြီးတဲ့သူမို့ ၅လစာပေးပြီးထုတ်လိုက်ပါ"

"ဟုတ်ကဲ့"

ယွီပင်းက ဘော့စ်ကိုနှုတ်ဆက်ပြီး ဆက်လုပ်ရမဲ့အလုပ်တွေလုပ်ရန် အခန်းတွင်းမှပြန်ထွက်သွားသည်...။


Falling For YouWhere stories live. Discover now