အပိုင်း ( ၄ )

Start from the beginning
                                    

" နန်းရယ်...
မောင့်ကလေးကို မောင်သိပ်ချစ်တာပဲ "

ခွန်စိုင်းသည် နန်းလွန်းအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေတော့သည်...။ကလေးငယ်သည်လည်း ကျုပ်ကို သိပ်ချစ်ပါတယ်တဲ့လေ...ခုတော့ ဒီအကောင်ပေါက်လေးသည် တရားဝင်ကျုပ်အပိုင်ပင် ဖြစ်သည်။တစ်သက်လုံး မထိရက်မကိုင်ရက်ဖြင့် ထိလိုက်လျှင်ပင် ပဲ့ကြွေသွားမှာ စိုးရိမ်သည့်နှယ် မြတ်နိုးခဲ့ရသော...ဒီကိုယ်ငယ်သေးသေးလေးသည်လည်း ကျုပ်အပိုင်တဲ့လေ။

ကလေးငယ်သည် ကျုပ်ရင်ခွင်ထဲတွင် ထပ်၍ မျက်ရည်‌ဥတွေ ခြွေချနေလေသည်။ကျုပ်ရင်ဘတ်သည် ကလေးငယ်ရဲ့ မျက်ရည်တွေနှင့် ရွှဲစိုနေလေပြီ...။တစ်ခါတစ်လေ ဘဝငယ်ရဲ့ နှုတ်ခမ်းဖျား‌လေးမှ ထုတ်လွှတ်လိုက်သော လေငွေ့နွေးနွေးလေးတွေသည်...ကျုပ်ကို အသည်းယား‌စေကာ နေရခက်လာစေသည်။

" နန်းရယ်...မငိုပါနဲ့တော့ကွာ တိတ်တော့နော် ငိုတာများလို့ မျက်လုံးဝိုင်းလေးတွေလည်း နီရဲလို့ ဖူးယောင်နေပြီ...တိတ်တော့နော် "

ခွန်စိုင်းသည် နန်းလွန်းရဲ့ ပုခုံးလေးအား ကိုင်လိုက်၍ ပြောလာလေသည်။ထိုအချိန်မှ ရင်ခွင်ထဲမှ ဘာစကားမှပြန်မပြောဘဲ တရှုံ့ရှုံ့ဖြင့် ငိုနေသော အကောင်ပေါက်လေးသည်...

" မောင့်... "

" အွန်း "

မိမိနာမည်အား ခေါ်လိုက်ခြင်းကြောင့် ခွန်စိုင်း ရင်ခွင်ထဲမှ မြတ်နိုးရာငယ်လေးအား ငုံ့ကြည့်၍ ထူးလိုက်လေသည်။

" မောင့် ကို အရမ်းချစ်တယ်နော်...သိတယ်မို့လား "

အရာအားလုံးကို မယုံနိုင်သေး...။
ကျနော် ညညမက်နေခဲ့သော အိမ်မက်တွေကဲ့သို့ ဒီနွေးထွေးမှုလေးဟာလည်း အိမ်မက်လေး တစ်ခုသာ ဖြစ်သွားခဲ့လျှင်...

" အွန်း...မောင်သိတာပေါ့ မောင်ကလည်း နန်းကို သိပ်ချစ်တာ သိထားပေးနော် "

ထွက်ပြေးသွားမှာဆိုးသည့်နှယ် ပျောက်ကွယ်သွားမှာဆိုးသည့်နှယ် မိမိရင်ခွင်ထဲအား အတင်းတိုးဝင်နေသော ကလေး‌ငယ်အား ငုံ့ကြည့်၍ ပြောလိုက်လေသည်။ထိုနောက် ဘဝငယ်သည် ရင်ခွင်ထဲမှ ထွက်ကာ ကျုပ်လည်ပင်းအား ပြောင်း၍ သိုင်းဖက်လာပြန်လေသည်။

မောင် ပိုင်သည်...Where stories live. Discover now