"အိုး၊ မင်း ဒီနေ့ အမဲလိုက်ဖို့ မသွားဘူးလား" ပိုင်မုက အံ့သြသွားတယ်။  ဒီကလေးက  တနေကုန် အပြင်မှာ ကစားနေပုံရတယ်။ သူက စားတဲ့အချိန်နဲ့အိပ်တဲ့အချိန်မှသာ အိမ်မှာရှိတာ။

"သွားတယ်၊ ရာသီဥတု ကောင်းနေသရွေ့ နေ့တိုင်းအမဲလိုက်တာလေ့လာလို့ ရတယ်၊ တစ်နေ့တာရဲ့ အကဲဖြတ်မှုပြီးရင်တော့ အနားယူလို့ ရတယ်"ခြင်္သေ့ငယ်လေးက ပိုင်မုရဲ့လက်ထဲက ငါးကင်ကို တည့်တည့် စိုက်ကြည့်ရင်း ပြောလိုက်တယ်။

" မင်း အကဲဖြတ်တာကို နေ့တိုင်းအရမ်းမြန်မြန်ဖြတ်ကျော်နိုင်တာပဲ ဒါဆို မင်း ကစားဖို့ အချိန် အများကြီးရှိမှာပဲမလား"

"ဒါပေါ့ သားက အရမ်းတော်တယ်" ခြင်္သေ့လေးက ပိုင်မုကို ဘ၀င်ခိုက်စွာနဲ့ တည့်တည့်ကြည့်ပြီး ပြောခဲ့တယ်။

"အင်းးးးငါလည်းမတွေ့ပါလား!!" ပိုင်မုက ခြင်္သေ့လေးကို သံသယနဲ့ ကြည့်လိုက်တယ်။

"ဟမ့် အစ်ကို့ရဲ့မျက်လုံးက ပြဿနာရှိနေတာ" ခြင်္သေ့လေးကလည်း ပိုင်မုနဲ့တူတဲ့အကြည့်ကို ပြန်ပေးတယ်။ ပိုင်မုက သူ့ရဲ့ ချစ်စရာကောင်းတဲ့ပုံစံလေးကိုတွေ့တော့ ပြုံးခဲ့တယ်။

"မနောက်နဲ့တော့၊ ဒီနေ့ ရလဒ်တွေအကြောင်း ပြောကြရအောင်" ပိုင်မုက ခြင်္သေ့လေးဘေးမှာ ချထားတဲ့ သစ်သားချောင်းလေးတွေကို တစ်ချက်ကြည့်လိုက်တယ်။

" ဟီးဟီး၊ ဒါက အစ်ကိုကြီးနဲ့ ကစားရတာထက် ပိုစိတ်ဝင်စားဖို့ကောင်းတယ် သူတို့က သားပြိုင်ဘက်တွေ မဟုတ်ဘူး ၊ အားလုံးကို သား အနိုင်ယူခဲ့တယ်"ဒီဂိမ်းကို သူ ပိုင်မုဆီက သင်ယူခဲ့တယ်။  ဗိုလ်ချုပ်ဆိုတာ ဘာလဲလို့ သူမသိပေမယ့် အဲ့ဒါကရှုံးတာကို ဆိုလိုတာပါ။သူ နားလည်‌နိုင်တုန်းပါပဲ။

"ဂုဏ်ယူပါတယ် ၊ မင်း အစ်ကို့ကို ကျေးဇူးတင်စရာ မလိုဘူး ၊ မင်း အနိုင်ယူနိုင်ဖို့ အစ်ကိုက  ကောင်းကောင်းသင်ပေးထားလို့ ပဲ" ပိုင်မုက သူ့ရဲ့ စွဲမက်စရာကောင်းတဲ့ အကြည့်ကို မြင်လိုက်ရတဲ့အခါ ကူကယ်ရာမဲ့စွာနဲ့ ညည်းတွားလိုက်တယ်။

"အစ်ကို သားကို အနိုင်ကျင့်နေတာလို့ပဲ ထင်တယ်" ခြင်္သေ့ငယ်လေးက မထီမဲ့မြင်နဲ့ ပြောလိုက်တယ်။ 

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now