အဲ့ဒီအချိန်မှာ ပိုင်မုက မြေအိုးကိုကိုင်လာပြီး ခဲယ်လ်တစ်ကို လက်လွှဲပေးလိုက်တယ်။"မင်းဒါကို ကြီးမြတ်တဲ့စုန်းမဆီ ပို့ပေးလိုက်ပါ၊ မိသားစုက သူ့ကို ခဏခဏ ဒုက္ခပေးနေတာ ပြီးတော့ မင်းပြန်သယ်လာတဲ့ ဒဏ်ရာနဲ့orcကိုလည်း ကြီးမြတ်တဲ့စုန်းမဆီကို ဒီတိုင်းသွားပစ်ထားလိုက်လို့မရဘူး မဟုတ်လား" မြေအိုးက ပိုင်မုချက်ထားတဲ့ငါးစွပ်ပြုတ်နဲ့ ပြည့်နေတယ်။

" ကောင်းပြီ ၊ ဒဏ်ရာရတဲ့သူကို  ပြုဈုစာင့်ရှောက်ဖို့ မျိုးနွယ်စုခေါင်းဆောင်က တယောက်ယောက် စီစဉ်ပေးခဲ့တယ်" ခဲယ်လ်တစ်က မြေအိုးကို ယူလိုက်တယ်။

"အဲ့ဒါကောင်းတယ်၊ ငါးကိုစားတဲ့အခါ ငါးရိုးစူးမှာကို အာရုံစိုက်ဖို့ ကြီးမြတ်တဲ့စုန်းမကို မင်းပြောဖို့သာ သတိရပါ" ပိုင်မုက စိတ်မသက်မသာနဲ့ ဝန်ခံလိုက်တယ်။

  " ကောင်းပြီ " လက်ခံလိုက်ပြီးနောက် ခဲယ်လ်တစ်က မြေအိုးနဲ့အတူ ထွက်သွားတယ်။

ခြင်္သေ့လေးက သူထွက်သွားတာကိုမြင်တော့  နောက်ကလိုက်လာပြီး ပြောလိုက်တယ်။ "အစ်ကိုကြီး မြန်မြန်သွားပြီး မြန်မြန်ပြန်လာရမယ်နော် သားတို့ ညစာစားဖို့စောင့်နေသေးတယ်"

"ငါသိတယ်၊ မင်းက‌တော့ တစ်နေ့လုံး စားဖို့ပဲသိ‌တယ်” လို့ ခဲယ်လ်တစ်က ပြန်ပြောတယ် ။ နောက်နှစ်နွေဦးရာသီအစကို သူမစောင့်နိုင်တော့ဘူးလို့ ထင်တယ်။ အဲဒီအချိန်ရောက်ရင်တော့ တပေါက ပျံသန်းနိုင်တော့မှာ မဟုတ်ဘူး။ ခဲယ်လ်တစ်ထွက်သွားတာကို ကြည့်ပြီး ခြင်္သေ့လေးက ဂူထဲကို ပြန်ဝင်လာခဲ့တယ်။

"မင်း ဒီနေ့ တောထဲသွားခဲ့တာလား" ပိုင်မုက ညစ်ပတ်နေတဲ့ ခြင်္သေ့လေးကို ကြည့်ပြီး ငါးကိုကင်ရင်း မေးလိုက်တယ်။

"သစ်သားချောင်းနဲ့ ကစားဖို့ တခြားတစ်ယောက်ယောက်ကို သွားရှာခဲ့တာ ဟီးဟီး၊ ကျွန်တော် လေးယောက်တောင် အနိုင်ယူနိုင်ခဲ့တာ" ခြင်္သေ့လေးက အထိတ်တလန့်ဖြစ်သွားတယ်။ ပိုင်မုနဲ့တုန်းကရခဲ့တဲ့ စိတ်ပျက်စရာအရိပ်ဆိုးကို သုတ်သင်လိုက်ပြီးနောက် သူက တခြားသူတွေအပေါ်ကနေ  ယုံကြည်မှုတွေ ပြန်ရရှိလာခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now