အပိုင်း ( ၂ )

Depuis le début
                                    

မပြောပြချင်သောကလေးငယ်ကို ‌ဇွတ်အတင်းမမေးချင်။ထိုသူလေးအတွက် " ‌မောင် " ဆိုသောကျုပ်ဟာ စိတ်သက်သာရာရပ်ဝန်းလေးပဲ ဖြစ်စေချင်သည်..ကလေးငယ် နေရခက်မှာလည်း ဆိုးပေသည်။

" အွန်း အာ့ဆို ထမင်းစားမယ်...
လျှောက်ပြီး တွေးမနေနဲ့တော့ "

နန်းလွန်းသည် ခွန်စိုင်းပြင်ဆင်ပေးသော ထမင်းကိုသာ ဂရုတစိုက်စားနေလေတော့သည်။

ဟုတ်တယ် နန်းလွန်း လျှောက်မတွေးနဲ့...
မောင်က ခုငါနဲ့ရှိနေတာပဲ...လျှောက်မတွေးနဲ့

နန်းလွန်း စိတ်ထဲတွင် အကြိမ်ကြိမ်သတိ‌ပေး၍ ပြောနေမိတော့သည်။ထမင်းစားပြီးသည်နှင့်...

" နန်း ညနေအတန်းပြီးရင် ငါလာခေါ်မှာမို့...
ဘယ်မှ မသွားဘဲ‌ ‌ငါ့ပဲ စောင့်နေနော် "

" အွန်းပါ မောင်ရယ်...ငါက မောင်မပါဘဲ ဘယ်သွားဖူးလို့လဲ နေ့တိုင်းစောင့်နေကျပဲကို "

နန်းလွန်းသည် ခွန်စိုင်းအပြောကို မျက်လုံးဝိုင်းလေးများ မှိတ်ကျသွားသည်အထိ ပြုံးပြ၍ ပြန်ပြောလိုက်လေသည်။

ကျုပ်ကလေးလေး ငေးမှိုင်နေတာ...ကျုပ်မလိုချင်။ပြုံးပျော်နေတာပဲ မြင်စေချင်သည်။

ဘေးလည်း အာရုံမထားနိုင်တော့ ဘဝငယ်ရဲ့ အပြုံးအောက်မှာ ကျုပ်မြောသွားရခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့...။ရိုးအီသွားခြင်းမရှိသည့်အရာများထဲတွင် ဘဝငယ်သည် ထိပ်ဆုံးက ရပ်တည်နေမည်ဟု ကျိန်းသေပြောရဲသည်။သက်သေပြပါဆိုလျှင်...ဘဝငယ်ရဲ့အပြုအမူတွေကို အမြဲအသစ်အဆန်းလို ငေးမောနေမိတတ်သော ကျုပ်ကိုသာ လာကြည့်လှည့်ဟု ပြန်ဖြေလိုက်မိမှာ အမှန်။

" ခွန်စိုင်း...အတန်းပြန်သွားကြမယ်လေ "

ဘေးက သီဟအောင်သည် ဘယ်ကဘယ်လိုပေါ်လာမှန်းမသိ။သူ စကားစတော့မှ ကျုပ်အာရုံသည်လည်း နန်းဆီမှ ခွာနိုင်တော့သည်။

" အေး...မင်း အရင်သွားနှင့်
ငါ နန်းကို လိုက်ပို့လိုက်အုန်းမယ် "

" ဟျောင့် ခွန်စိုင်း...နန်းလွန်းက ငါတို့ထက် တစ်နှစ်ကြီးတာလည်း သတိရအုန်း...မသိရင် မင်းထက်ငယ်တဲ့က‌လေးလေးကျနေတာပဲ "

မောင် ပိုင်သည်...Où les histoires vivent. Découvrez maintenant