အပိုင်း ( ၁ )

Start from the beginning
                                    

နန်းလွန်းတို့သည် အမေတစ်ခု သားတစ်ခု ဖြစ်သည်။နန်းလွန်းသည် အမေဖြစ်သူ အလိုလိုက်ထား၍ ဆိုးသွမ်းနေသည်လည်း မဟုတ် လိမ္မာယဉ်ကျေးသည်။ရှမ်း-တရုတ်စပ် ဖြစ်တာမို့ ဖြူဖြူဖွေးဖွေး ပိန်ပိန်ပါးပါးလေးနှင့် မိန်းကလေးတွေ အရှုံးပေးရလောက်အောင် နုဖက်နေအောင် လှသောသူလေးလည်း ဖြစ်သည်။

" တီတီလေးရေ...တီလေး "

" ဟေ နန်းလွန်းလေးလား...
တီလေးက ဒီမှာ သားရဲ့ "

ဒေါ်အမရာချိုသည် မီးဖိုခန်းထဲမှ ထွက်လာ၍ ဆိုလိုက်လျှင်ဖြင့် နန်းလွန်းသည် ဒေါ်အမရာချို‌ဆီ ပြေးဖက်၍ မေးလိုက်လေသည်။

" တီလေး...မောင်ရောဟင် ထနေပြီလား "

ဒေါ်အမရာချိုသည် သူ့ကိုဖက်၍ ချွဲနေသော သူလေးကို ငုံ့ကြည့်၍ ပြုံးလိုက်မိသည်။

" နန်းလွန်းလေးရဲ့မောင် မထသေးပါဘူးရှင်...သား မနှိုးဘဲ ခွန်စိုင်းက သူ့ဘာသာ ထဖူးလို့လား...တီလေးလည်း အလုပ်ရှုပ်နေလို့ မနှိုးအားသေးဘူး...အိမ်က ခလေးမတွေကလည်း ဘာပစ္စည်းနဲ့ အထုခံရမလဲ မသိလို့ မနှိုးရဲဘူးတဲ့ကွယ်..."

" ဟီးဟီး အဲ့မောင်က အတော်ဆိုးတာပဲ...
သားပဲ သွားနှိုးလိုက်အုန်းမယ်နော် တီလေး...မွ "

ဒေါ်အမရာချိုသည် မိမိပါးအား မွှေး၍ အိမ်ပေါ်သို့ အပြေးတက်သွားသော နန်းလွန်းလေးအား ကြည့်ကာ

" နန်းလွန်းလေး ဖြေးဖြေးတက်အုန်း ခြေချော်ပြီး လိမ့်ကျအုန်းမယ်နော် ကလေး "

နန်းလွန်းသည် ဒေါ်အမရာချို အသံကို ဖြေဖို့ရာ အာရုံမရတော့ ခွန်စိုင်း အခန်းဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။

" ကျွီ... "

တံခါးကို အသာအယာလေး ဖွင့်လိုက်သည်။အခန်းထဲရှိ မောင့်အိပ်ရာဆီသို့ ခြေကို အသာဖွနင်း၍ ဦးတည်လိုက်သည်။မောင် သည် မောင့်အကျင့်အတိုင်း အိပ်ရာထဲတွင် အပေါ်အကျီမပါဘဲ စောင်ကို ‌ရင်ဘတ်ထိ ခြုံ၍ အိပ်‌မောကျနေလေသည်။

မောင်သည် အသားညိုသည်လည်းမဟုတ် ဖြူသည်လည်းမဟုတ် အသားလတ်သည့်ဘက်သွားသောသူ ဖြစ်သည်။မောင့်အရပ်သည် ဆယ့်ရှစ်နှစ်လို့ ပြောရင် ယုံနိုင်စရာမရှိ ကျနော့်ထက် တစ်နှစ်ငယ်ပြီး အရပ်မှာတော့ ကျနော့်ထက် အတော်ပင် မြင့်သည်။ကျနော့်ထက်လည်း လူကောင်ကြီးသည်။

မောင် ပိုင်သည်...Where stories live. Discover now