We've updated our Content Guidelines.
Review the latest guidelines to keep sharing stories safely.

စတင်ခြင်း - ငရဲ

1.2K 114 16
                                        

Disclaimer : Everything in this story is fictional.

-Unicode-

" အရှင်မြတ် ၊ သင်ဟာ ကြီးမြတ်တော်မူပါ၏။ သင်ဟာ ဘုရားသခင်၊ သင်ဟာ အဖ ဖြစ်တော်မူသည်။ အရှင့်အား အကျွန်ုပ်တို့ တောင်းပန်ခြင်းပြုပါ၏။ တမန်တော် မိုက်ကယ်လ် ၊ တမန်တော် ရာဖာအယ်လ် ၊ တမန်တော် ဂေဘရီရယ်လ်တို့၏ အကူအညီကိုတောင်းခံပါ၏။ "

ဖာသာတစ်ယောက်၏ ဆုတောင်းစကားရွတ်ဆိုသံဟာ အခန်းငယ်ထဲပျံ့လွင့်သည်။ ည၏တိတ်ဆိတ်ခြင်းတို့အောက်ဝယ် မီးမှိန်မှိန်ရှိသော အခန်းထဲမှာ ဖယောင်းတိုင်ဖြူတို့၏ မီးရောင်က အားကူပြုကြသည်။ လေထုအရိပ်အယောင်တို့ဟာ ထွေပါး၏။ သန့်စင်ခြင်းမမည်လှသော စွမ်းအင်တို့ဟာ ကြမ်းခင်းပေါ်စည်းချထားသည့် ငါးထောင့်ကြယ် အင်းကွက်တို့ဆီမှ ထိုးဖောက်ချင်နေကြသည်။

အသက်14 15ခန့်ရှိမည့် ကောင်လေး တစ်ယောက်ဟာ အင်းကွက်တို့၏ အလယ်တွင် ထိုင်ခုံတစ်လုံး၌ကြိုးတုပ်ချည်နှောင်ထားခြင်းခံရ၏။ ဖာသာ၏ ဆုတောင်းစကားတို့ တစ်လျှောက် သူဟာ မလှုပ်မယှက်ရှိမြဲသာဖြစ်သည်။ ဝတ်ဆင်ထားသောတီရှပ်အဖြူပေါ်မှာ သွေးကွက်တို့ဟာညစ်စုတ်ကြသည်။ ဖွာလန်နေသော ဆံပင်တို့ဟာ ခြောက်ကပ်၍။ မျက်တွင်းချိုင့်ချိုင့်ရှိသော မျက်ဆံနက်တို့ဟာ အသက်အရောင်မဲ့လွန်းလှစွာရှိကြလေသည်။

" နတ်ဆိုး၏ ကျွန်ပြုခြင်းခံရသော အကျွန်ုပ်တို့၏ ညီအကို မောင်နှမများအား ကယ်တင်တော်မူပါ။ ကောင်းကင်ဘုံ၏ မြင့်မြတ်သော တမန်တော်များအားလုံး အကျွန်ုပ်တို့အား ကူညီကယ်မပေးကြပါ။ ပူပန်သောက ၊ ဝမ်းနည်းမှု၊ စွဲလမ်းမှုတို့မှ ကယ်ဆောင်တော်မူပါ။ လွတ်မြောက်ခွင့်ပေးပါ၊ အို အဖ ဘုရားသခင် "

လက်ဝါးကပ်တိုင်ဆွဲကြိုးအား ကိုင်မြှောက်၍ ဖာသာဟာ ဆိုသည်။ ခုံပေါ်က လူငယ်ဟာ ဖာသာကို မျက်လုံးလှန်ကြည့်လာ၏။ အံဖုံများပေါက်ပဲ့သွားလောက်အောင် အံကြိတ်ထားရင်း ထိုကောင်လေး၏ အကြောများဟာ တောင့်တင်းလာကြလေသည်။

ဖာသာကထိုအခြင်းအရာကို တစ်ချက်ကြည့်ကာ ကျမ်းစာကို မာန်ပါပါဖြင့် ဆက်ရွတ်ဆိုခဲ့သည်။

EXORCIST | txt.ff |Stories to obsess over. Discover now