' Host ထူးဆန်းတာတွေဖြစ်ပျက်သွားတယ် စိတ်တော့မကောင်းပါဘူး '

' ဘာကိုလဲ '

စကားပလ္လင်ခံနေသော Kitty ကို ရှောင်းကျန့်က မေးလိုက်ပေမယ့် အတန်ကြာသည်အထိ Kitty က စကားမပြောဘဲ ငြိမ်နေလေသည်။

သူတို့က ရောက်တတ်ရာရာစကားတွေပြောပြီး အပျင်းပြေလျှောက်ပြောနေကြတာမဟုတ်လား။

ယခု Kitty ဖြစ်သွားတဲ့ပုံစံကြောင့် ရှောင်းကျန့်က မျက်ခုံးတွေ့ကျိုးတွန့်လာရသည်။

' Kitty ဘာဖြစ်တာလဲ ပြောလေ '

' ဧကရာဇ်ရဲ့ ဝိညာဉ်တစ်ပိုင်းလေ ၊ ပျောက်နေတဲ့အပိုင်းကို ကျွန်တော်တွေ့ပြီ '

' အဲ့တာ ပျော်စရာကောင်းတာပေါ့ ၊ ဘာလို့မင်းက စိတ်မကောင်းဖြစ်....'

ရှောင်းကျန့်သည်စကားကို ခဏရပ်တန့်လိုက်ပြီး မျက်လုံးတွေ ပြူးကျယ်ကာ Kitty ကို ကြည့်လာခဲ့သည်။

ထို့နောက် အံ့သြဘနန်းလေသံကျယ်ကျယ်ဖြင့်ဆက်ပြောလာခဲ့သည်ကား..

'မဟုတ်မှလွဲ..  ဒီကမ္ဘာထဲမှာလား '

' ဟုတ်တယ် ..ဗန်ပိုင်းယား အန်ဒရူးရဲ့ ကိုယ်ထဲကို ဝင်သွားတယ် '

Kitty က လေသံပျော့ပျော့နဲ့ ထောက်ခံပေးလာတော့ ရှောင်းကျန့်က ကိုယ့်နဖူးကို ပြန်ရိုက်ပြီး မြည်တွန်တောက်တီးတော့သည်။

' သောက်ကျိုးနည်းမှုကလည်းဟေ့..အရမ်းအရမ်းဆန်းကြယ်လွန်းတယ် '

' Host နောက်ထပ် ကမ္ဘာနှစ်ခုပဲကျန်တော့တယ်'

' အင်းပါ ၊ အခု ငါ ဂျက်ဖရီဆီသွားလိုက်အုန်းမယ်..ဂျက်ဖရီက ခုဘယ်နားမှာရှိနေလဲ သိလား
kitty '

' ဟုတ်ကဲ့.. Host ! လသာဆောင်မှာ အန်ဒရူးနဲ့ စကားပြောနေတယ်'

' ဘာ!!'

ရှောင်းကျန့်သည် Kitty ရဲ့စကားအဆုံး လသာဆောင်ကို ထွက်လာခဲ့တော့သည်။

...........

ဂျက်ဖရီက အန်ဒရူး၏ မျက်နှာကို မမှိတ်မသုန်ကြည့်ပြီး ဒေါသတွေအလိပ်လိပ်ထွက်နေသည်။

ဘယ်လိုသတ္တိနဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ ဘန်လေးကို ပေးပါလို့ တောင်းဆိုနေတာပါလိမ့်။

Peculiarly System [Completed ]Where stories live. Discover now