ထိုမိန်းကလေးရဲတင်းလွန်းသည်။ ဂျောင်ဂုအနားကိုကပ်ပြီးကိုမေးနေတာ

''အဲ့ဒါတွေအထိပြောပြဖို့လိုလို့လား''

''ဘယ်တုန်းကမှမငြင်းပဲလက်ခံတွဲပေးခဲ့တဲ့နင်က ငါ့ကျမှအကြောင်းပြချက်ရှာပြီးငြင်းနေတာ''

မိန်းကလေးမို့လို့သာ ညှာတာပြောပေးနေတာကို အထွန့်တတ်နေသည်မို့

''ငါ့မှာတွဲနေတဲ့သူတကယ်ရှိတာ။ ပြီးတော့ တခြားသူလည်းမဟုတ်ဘူး။ အဲ့ဒါ ကင်မ်ထယ်ယောင်းပဲ''

''ကင်မ်ထယ်ယောင်း!...''

ထိုမိန်းကလေးက သူ့ဘက်က်ိုကြည့်လာတော့ ထယ်ယောင်းလည်း ဂရုမစိုက်သလို စာကိုသာပြန်ဖတ်နေလိုက်သည်။

''နင်တို့ကယောက်ျားချင်း...''

''သိပြီဆိုတော့ လစ်လိုက်တော့နော်''

''ထယ်...သွားရအောင်''

''ဟမ်?''

ဂျောင်ဂုစကားကိုတုန့်ပြန်ချိန်လည်းမရလိုက်ကာ ထယ်ယောင်း ဂျောင်ဂုဆွဲခေါ်ရာကိုပါသွားခဲ့သည်။

''တောက်စ်...''

ကျန်ခဲ့သည့်မိန်းကလေးမှာတော့ ထွက်သွားသည့်ကောင်လေးနှစ်ယောက်က်ိုကြည့်ကာ မကျေမနပ်ဖြစ်ရင်းကျန်ခဲ့တော့သည်။

.
.

''တောင်းပန်ပါတယ် မင်းသဘောကိုမမေးပဲ ငါပြောလိုက်မိတယ်''

အပြင်ရောက်မှ ထယ်ယောင်းလက်ကိုလွှတ်ပေးကာ တိုးလျှိုးစွာပြောလာသည်။

''မဟုတ်တာ ငါကပိုသဘောကျတယ်။ ငါ့ရည်းစားကို ပိုင်စိုးပိုင်နင်းကြည့်နေကြတဲ့အကြည့်တွေ ပြီးတော့ ဒီနေ့လိုဖွင့်ပြောတာတွေ အဲ့အချိန်တွေက ငါသဝန်တိုခဲ့ရတဲ့နေ့တွေပဲလေ။ အခုမင်းက အဲ့လိုတရားဝင်ပြောပေးတော့ငါတကယ်သဘောကျနေမိတာ ။''

တခြားအရာတွေပေါ်မှာသာ ထယ်​ယောင်းလောဘမရှိခဲ့တာ ဂျောင်ဂုနဲ့ပတ်သတ်ရင်တော့ အထိအခိုက်လုံးဝမခံသည့်ထဲတွင်ပါသည်။

''သဝန်တိုတာကိုထုတ်မပြောဘူးပဲ ကင်မ်ထယ်ယောင်းက''

''ငါကအရမ်းသဝန်တိုတတ်တာ မင်းစိတ်ပျက်သွားမှာစိုးလို့သာ တစ်ယောက်ထဲကြိတ်တိုနေခဲ့တာ။ ဖြစ်နိုင်ရင်မင်းကို ဘယ်သူ့မှမမြင်အောင်ဖွက်ထားချင်မိတဲ့ထိပဲ''

My First Love(short story)[Completed]Where stories live. Discover now