7

895 64 8
                                    

uni

ရက်တွေလတွေတရွေ့ရွေ့ကုန်ဆုံးလို့ အထက်တန်းနှစ်ဝက်စာမေးပွဲများဖြေရမည့်အချိန်သို့ရောက်လာခဲ့သည်။

ထယ်ယောင်းနဲ့ဂျောင်ဂုကတော့ စာမေးပွဲနီးသည့်ရက်တွေမှာ စာကြည့်တိုက်မှာသာ နှစ်ယောက်လုံး အ်ချိန်ဖြုန်းလေ့ရှိကြသည်။

''ဂျောင်ဂု...''

နှစ်ယောက်စာလုပ်နေရင်းမှ သူတို့စားပွဲဝိုင်းနားကပ်လာသည့် မိန်းကလေးတစ်ယောက်က ဂျောင်ဂုကိုခေါ်လိုက်တာဖြစ်သည်။

ဂျောင်ဂုလဲဘာလဲဆိုသည့်သဘောဖြင့် မော့ကြည့်သည့်အခါ ထယ်ယောင်းလည်း ဂျောင်ဂုနည်းတူ ထိုမိန်းကလေးကို ကြည့်လိုက်သည်။

စာအုပ်လေးတစ်အုပ်နှင့်အတူ ဖောင်တိန်အနက်ရောင်လေးကို ထိုးပေးကာ

''ဒါလေး လက်ခံပေးပါ''

ထယ်ယောင်းကတော့ ဂျောင်ဂုဘာပြန်ပြောမည်ကိုသာ အရိပ်အခြေကြည့်နေလိုက်သည်။

လက်ဆောင်ပဏ္ဍာပေးကာ ဂျောင်ဂုကို အခုလိုပိုးပန်းကြသည်က အရင်နှစ်တွေထဲကရှိခဲ့တာမို့ ထယ်ယောင်း သဘောမကျသော်လည်း ထုတ်ဖော်ပြောကြားထားခြင်းမရှိသည့် သူတို့ဆက်ဆံရေးကြောင့် ဂျောင်ဂုကို လူလွတ်အထင်နှင့် အခုလိုလာပြောနေခြင်းကိုတော့ ဆက်၍ခံနေရအုံးမည်။

''ဘာအတွက်လဲ''

ဂျောင်ဂုကလက်မခံပဲ စာကိုပြန်အာရုံစိုက်ကာပြောသည်။

''ငါနဲ့တွဲပေးနိုင်မလား''

''ငါနင့်ကိုတကယ်သဘောကျတာပါ''

''ငါတော့သဘောမကျဘူးပဲ နင့်ကိုလေ''

ပြတ်ပြတ်သားသားငြင်းဆန်လိုက်သည့် ဂျောင်ဂုစကားကြောင့် မိန်းကလေးမှာ မျက်နှာပျက်သွားရပြီး

''လက်ရှိမှာနင်ရည်းစားလဲထားမနေပဲ ဘာလို့ငါ့ကိုငြင်းရတာလဲ''

အငြင်းခံနေရလည်း အရှက်မရှိ ဆက်ပြောနေသည်မို့ ဂျောင်ဂု စုတ်သပ်လိုက်ကာ စိတ်မရှည်သလိုကြည့်လာပြိီး

''ရည်းစားမရှိဘူး...ဘယ်သူပြောလဲ''

''ဟမ် ဂျောင်ဂုနင်က ဘယ်သူနဲ့တွဲနေတာလဲ''

My First Love(short story)[Completed]Where stories live. Discover now