အပိုင်း(၆၈)

Start from the beginning
                                    

ချစ်ခြင်းမေတ္တာက ထုထည်ပမာဏ ကြီးမားသလောက် လွဲမှားသူမှာလည်း ပေးဆပ်ရမည့် တာဝန်တွေက သိမ်ငယ်ရခြင်းတွေက ကြီးမားသည်။

ခွင့်လွတ်ခြင်းဆိုတာ ကိုယ်နဲ့မထိုက်တန်သည့်အရာလား စေ့စေ့မတွေးရဲလောက် အောင် သိမ်ငယ်ရခြင်းက အနိုင်ယူထားသည်။

" ခင်များ အဆင်ပြေရဲ့လား...."

တွေဝေငေးငိုင်နေသူ ကို လက်ကလေးဆုပ်ကိုင်လို့ မေးမိသည်။

ဝမ်းနည်းမူသရုပ်ဖြစ်သည့် မျက်ရည်ကြည်တွေ ဝေ့ဝိုင်းနေတဲ့ ထိုသူက ဘာတစ်ခွန်းမှမပြောဘဲ ကျွန်တော်ကိုသာ ငေးမော့နေပြန်သည်။

မားမား အသက်ခန္ဓာ စွန့်သည့်အချိန်မှစ၍ တစ်ခွန်းမှ မပြောဘဲ အသက်ခန္ဓာအနီးနား ထိုင်ပြီး ငေးမောနေသည့် ထိုသူ ရင်ထဲ ဘယ်လောက်စုတ်ပျက်နေမလဲ ။

မိခင်ကိုလတ်တလော ဆုံးရူံးထားရသူ။

အားငယ်မူ၊ သိမ်ငယ်မူ ၊အထီးကျန်ခဲ့တယ် ထင်ရမယ့် ရသတချို့။

ဟစ်အော်ငိုကြွေးခြင်းမရှိဘဲ အသက်မဲ့ ခန္ဓာဘေးကို နေရသလောက် အချိန်တစ်ခု ခပ်ထွေထွေ အမြဲ ထိုင်နေသူအား ချော့မော့ ပြောဆိုသော်လည်း တိတ်ဆိတ်ခြင်းဖြင့် ပြုမူနေထိုင်ပေမယ့် စကားတစ်ခွန်းမျှ မဆိုလာခဲ့ ။

သားငယ်ကိုမြင်ရင် ပိုကျေကွဲတက်သည့်အနေအထားကို ပြသသူမို့သားငယ်နဲ့ ထိုလူကို ခဏခွဲထားပြီး သူစိတ်ကျေနပ်သလိုနေထိုင်စေခဲ့သော်လည်း မည့်သည့်မိသားစုဝင်ကိုမျှ စကားမဖွင့်ဟသူ ၊ အသံတိတ်ငိုကြွေးနေသူ။

ဘေးကမြင်ရသူကို အပူဟပ်စေသည့် ဝမ်းနည်းခြင်းကို တနှင့်တပိုး ထုပ်သယ်ထားသည့် ထိုလူကိုစိတ်မချခြင်းအမည်တပ်ကာ အမြဲအနားကနေ အားပေးသော်လည်း မိမိလက်လေးအား ဆုပ်ကိုင်ထားသည်မှလွဲ မိမိကိုပါ စကားမဖွင့်ဟခဲ့။

တိတ်တဆိတ်ပြိုလဲနေသူ။

မားမားအသက်မဲ့ခန္ဓာကို သဂြိုလ်ပြီး အရိုးပြာအိုးလေးရှေ့ ဒူးထောက်လျက် တစ် ညနေလုံး ထိုင်နေသူအား ပို၍ သောကများနေသည့်မိသားစုဝင်များ။

မိုးချုပ်သည့်အထိ မနေရန် အပေါင်းအသင်းများက ဝိုင်းဝန်းဖျောင်းဖျသော်လည်း တုန့်ပြန်သံက နတ္ထိ။ သူဘေးက နေရတဲ့ကျွန်တော်ကိုယ်တိုင်လည်း စိတ်ပျက်ခြင်း အမည်တပ်၍ ထားခဲ့ချင်သည်။ မဖြစ်သင့်သည့်အခြေအနေမို့ အနားမှာ အဖော်ပြုပေးကာ နေသည်ကား ယခုဆို မားမား ထားသွားခဲ့သည့် ၇ ရက်မြောက်နေ့။

ချစ်ခြင်းတို့အလွန် Where stories live. Discover now