အပိုင်း(၂၉) ကျောချမ်းဖွယ်ကောင်းသည့်သစ်ပင်

Start from the beginning
                                    

မကြာခင်မှာပဲ သူဟာ Blight 30 ကို သတ်နိုင်ခဲ့သည် ထို့နောက် သူ့ရှေ့တွင် အသိပေးချက်စခရင်တစ်ခု ပေါ်လာသည်။

"ဂုဏ်ယူပါတယ်။ ယခု သင်သည် Blights 30 ကိုသတ်ရန် အကြီးအကဲ ၏တာဝန်ကို ပြီးသွားပါပြီ။ ကျေးဇူးပြုပြီး ရွာပြန်သွားပြီး လူကြီးမင်းထံမှ ဆုလာဘ်ကို ရယူပါ။"

သူ ရွာကို မပြန်ခဲ့ပါဘူး။ Blights ၏အရင်းအမြစ်ကိုရှာဖွေပြီး ၎င်းကိုသတ်ပစ်ရန် နောက်ထပ်တာဝန်ကို သူလုပ်ဆောင်ပါသည်။ အခု သူဘယ်လိုလုပ်ရမည်နည်း။

လောင်ယန် သည် ပတ်ဝန်းကျင်ရှိ အမြင့်ဆုံးသစ်ပင်၏ အကိုင်းအခက်ဆီသို့ ခုန်တက်လိုက်သည်။ ထိုနေရာမှ သူသည် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ Blights 30 ကို သတ်ပစ်ရတာ ပတ်ပတ်လည်မှာ Blights တွေ အများကြီးရှိနေတုန်းဆိုတော့ သိပ်ပြီး အရာမထင်လိုက်သလိုပါပင်။ သေသေချာချာကြည့်ပြီးနောက် တစ်စုံတစ်ခုကို သတိပြုမိသည်။

Blights ကို အစောပိုင်းက သူစတင်သတ်လိုက်သောအခါ၊ ဤစပျစ်ပင်ဘီလူးများသည် ၎င်းတို့၏ တိုက်ခိုက်ရေးအကွာအဝေးသို့ ဝင်ရောက်သောအခါမှသာ လှုပ်ရှားသွားကြသည်။ ဒါပေမယ့် အခုအချိန်မှာတော့ လှုပ်ရှားမှုတချို့ကို သူ သတိထားမိသည်။ စပျစ်နွယ်ပင်အချို့သည် မြောက်ဘက်သို့ ပိုမိုရွေ့လျားလာသည်။ သူတို့ရဲ့ လှုပ်ရှားမှုတွေက နှေးကွေးပြီး မသိသာမထင်ရှားပေမယ့် လောင်ယန် ကတော့ ဒါကို မြင်နေတုန်းပါပင်။ မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်သည်။

ဤဘီလူးနွယ်ပင်များသည် အကြောင်းပြချက်မရှိဘဲ ရွေ့လျားနေမည်မဟုတ်ပေ။ ဤနေရာတွင် ၎င်းတို့၏ တိုက်ခိုက်ရေးအကွာအဝေးသို့ ဝင်ရောက်နိုင်သည့်သူမှလွဲ၍ မည်သူမျှမရှိပေ။ သူသည် ဤနေရာ၌ရှိ၍ သူတို့အနီးတဝိုက်တွင် မရှိသောကြောင့် ပြောင်းရွှေ့ရန် အကြောင်းပြချက်မရှိပေ။ ထို့ကြောင့် ယခုအချိန်တွင် သူတို့ဘာကြောင့် ရွှေ့ပြောင်းနေကြသည်ကို သူစဉ်းစားနိုင်သည့် တစ်ခုတည်းသော အရာမှာ သစ်တော၏ ကျူးကျော်ဝင်ရောက်လာရသည့် အကြောင်းအရင်းနှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။ အဲဒီ Blights 30 ကို သူသတ်လိုက်တာက ဒီဖြစ်စဉ်ကို အစပျိုးခဲ့တာ ဖြစ်နိုင်သည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now