တစ်ကိုယ်လုံးသွေးသံတရွှဲရွှဲနဲ့မြင်လို့မှကြည့်ရက်စရာမရှိတဲ့ကောင်လေးတစ်ယောက်ပေါ်တွင် ဒေါက်တာပတ်ခ်ဟာခွထားလျက်အနေအထားနဲ့ ရင်ဘက်ကိုအဆတ်မပြတ်ဖိနှိပ်ပေးနေခဲ့သည်။
အရေးပေါ်ခန်းထဲ ခွဲစိတ်ပေးမည့်ဒေါက်တာတွေရယ်၊အကူတစ်ချို့ရယ် အပြေးအလွှားဝင်ပြီးသည်နှင့် ခပ်ကြမ်းကြမ်းပိတ်ချသွားသောတံခါးချပ်တွေနောက် လူနာရှင်တွေမှာ
သောကဗြာပါဒဝေကြရပြီ။ခွဲစိတ်မှုအောင်မြင်ရန် ဆုတောင်းသူကဆုတောင်းနေကြကြီး ငိုယိုသူကငိုယိုကြနှင့်လေ။ရောက်ယက်ခတ်နေသည့်လူတွေရဲ့ကြားမှာကျူးလစ်တစ်ခက်နဲ့မောင်သည် အရေးပေါ်ခန်းနှင့်ခပ်လှမ်းလှမ်းကလမ်းထောင့်ချိုးတစ်နေရာတွင် ငြိမ်ငြိမ်ကလေးရပ်ကြည့်နေခဲ့၏။
* ဆိုင်ကယ်အက်ဆီးဒန့်ဖြစ်တာတဲ့ ကောင်လေးကငယ်ဦးမယ့်ပုံပဲ...။ *
*မသေဖို့တော့မျှော်လင့်ရတာပဲ။ဒါပေမယ့်အသက်ရှင်ဖို့ရာခိုင်နှုန်းက ၉၀/၁၀တောင်မသေချာဘူး *
ကြားလိုက်ရတဲ့စကားတွေကြောင့်မောင့်မှာအနည်းငယ်အကြပ်ရိုက်သွားရတယ်။
မင်းရင်ဆိုင်ရမယ့်လူတွေက ဘယ်လိုလူတွေလဲ မင်းမသိပါဘူး။တကယ်ဆိုဒီcaseကို မင်းလက်ရှောင်ခဲ့သင့်တာ...။ကျူးလစ်တွေကို ခုံတန်းရှည်ထက်ပစ်တင်လိုက်ပြီး လက်သည်းထိပ်လေးတွေကို
တတိတိကိုက်နေခဲ့သည့်မောင့်မှာ သူတကယ်ကြီးကို အစိုးရိမ်လွန်နေခဲ့ရပါတယ်။အချစ်...အချစ်!ဒါကိုလည်း အချစ်လို့ခေါ်တာပါပဲလား။••••• လူဆိုးကောင် •••••
ခွဲခန်းထဲမှနေ အရင်ဦးဆုံးထွက်လာသည်မှာသူနာပြုဂိုဖြစ်ပြီးတော့ သူမ၏နောက်တွင်မူ ဒေါက်တာပတ်ခ်ဟာ လေးပင့်ေနသောခြေလှမ်းများနဲ့ထွက်လာခဲ့ပြီး ခပ်မှိုင်းမှိုင်းမျက်ဝန်းတစ်စုံက လူနာရှင်တွေထံမဝံမရဲလှမ်းကြည့်လာခဲ့သည်။
* ဒေါက်တာကျွန်မတို့သားလေး အသက်ရှင်တယ်မလားဟင် *
* တောင်းပန်ပါတယ် *
ဒေါက်တာပတ်ခ်ရဲ့နှုတ်ကနေ ထွက်ကျလာတဲ့စကားသံတိုးတိုးဟာ အမျှော်လင့်ကြီးမျှော်လင့်နေကြသူတွေအဖို့ နှလုံးသွေးများရပ်တန့်သွားရလိမ့်မည်။ထို့အပြင် ဆူညံလျှက်ရှိသောအမေးသံ၊စကားသံတွေမှာ ရုတ်ချည်းတိတ်ဆိတ်သွားခဲ့သည်။
YOU ARE READING
လူဆိုးကောင် (completed)
Fanfictionကျူးလစ်ဝါလေးတစ်ခက်နဲ့ မောင့်အချစ်ကိုရည်ညွှန်းမယ်...။
🤍အပိုင်းတစ်ဆယ်🤍
Start from the beginning