ဘယ်လိုလူစားမျိုးလဲ

4.4K 38 0
                                    

နောက်နေ့တွေလဲ သူရုံးလာပါတယ်။
ကျွန်တော်တတ်နိုင်သမျှရှောင်တယ်။
ပိုင်ရှင်ရှိနေတဲ့သူတစ်​ယောက်ကို မပိုင်ဆိုင်ချင်တော့ပါဘူး။ အဝေးကပဲငေးကြည့်ပါ့မယ်။
မင်းခန့်-ပုပုသေးသေးနဲ့ဖြူဖြူသေးသေးကောင်လေးကဘာမှန်းမသိ ။ ကျွန်တော့နဲ့တွေ့လဲ ခေါင်းငုံ့ပြီး ဘယ်လိုကောင်လေးလဲမသိပါဘူး။ခုလဲကျွန်တော့ရုံးခန်းနဲ့သူ့နေရာက မျက်နှာချင်းဆိုင်ကို ကျွန်တော့ကိုကြည့်နေပြီး ကျွန်တော့ကြည့်လိုက်မှခေါင်းငုံ့သွားတယ်။
သူရိန်-Bossရယ်အကြည့်ချင်းဆုံ ရင်ခုန်မိပါတယ်ဗျာ။ ချစ်ခွင့်သာရှိခဲ့ရငိပေါ့။😇
(Angel Baby Angel)Phone Ringtone သံ
မင်းခန့် - Hello နဒီ အင်း ကိုယ်လာခဲ့မယ်လေ။ အင်းအင်း ခဏစောင့်နေ ကိုယ်ခုထွက်လာမယ်။
သူရိန်- အကိိုမင်းခန့်နဲ့ကျွန်တော့နေရာမဝေးပါ။ ဖုန်းပြောနေတာကိုအတိုင်းသားကြားရပါတယ်။ နဒီတဲ့လား😇 အော် ဒီလိုဆိုတော့လဲနာကျင်ရတယ် အကိုရယ်😇
မင်းခန့်-ဟိုဖြူသေးကောင်လေးကိုကြည့်မိတယ်။ မျက်နှာလေးက ညိုးပြီးဘာဖြစ်နေတာလဲမသိဘူး။ ကျွန်တော့ကိုကျွန်တော်လဲနားမလည် ဘယ်သူ့မှဂရုမစိုက်တတ်တဲ့ကျွန်တော်က သူ့ကျမှဂရုစိုက်နေမိတယ်။ သူ့မျက်နှာလေးညိုးနေတော့ ​ကျွန်တော်ဘယ်လိုဖြစ်မှန်းမသိဘူး😇ကဲအတွေးတွေလွန်နေတာထားပါတော့ ။ နဒီဆီသွားရဦးမယ်။ နဒီဆိုတာအိမ်ကသဘောတူထားတဲ့ ကျွန်တော့သူငယ်ချင်းပါ။ အိမ်က ပြောလွန်းလို့ ဒီတိုင်း တူတူသွားတူတူလာပေါ့ဗျာ။ ခုလဲ အကူအညီလိုလို့ဆိုလို့ကျွန်တော်သွားရဥိးမယ်။
သူရိန်- ဒီနေ့အဆင်မပြေလှပါ ကိုယ်ချစ်ရတဲ့သူက သူချစ်ရတဲ့သူနဲ့ပျော်နေတယ်ဆိုတာကို
သိရတဲ့အချိန်က အဆိုးဆုံးအချိန်ပါပဲ😇
(ရုံးဆင်းချိန်)
သူရိန်-မိုးတွေကလဲရွာလိုက်တာဗျာ။
ရုံးဆင်းချိန်မှထီးကမပါ တကယ်ပါပဲ။
ညစ်နေတုန်း အနောက်က ခေါ်သံကြားလိုက်ရသည်။ "ညီ" လှည့်ကြညိ့လိုက်တော့ ရုံးက စီနီယာအကိုတစ်ယောက်။ ထီးမပါလို့တူတူသွားမယ်ပြောတာဗျ။ ထီးကကြီးတော့ ကျွန်တော့ခန္ဓာကိုယ်သေးသေးလေးတော့ဆန့်ပါရဲ့။
ထိုစဥ်...
မင်းခန့်-နဒီဆီက ပြန်လာပြီးရုံးနားက ဖြတ်သွားတဲ့အချိန် ဖြူသေးလေးကို ကောင်တစ်ယောက်နဲ့ထီးတူတူဆောင်းတာတွေ့လိုက်ရတယ်။ စိတ်ထဲ တမျိုးကြီးဖြစ်သွားတယ်။ ကိုယ်ပိုင်တဲ့ပစ္စည်းတစ်ခုကိုတခြားသူယူသွားသလိုပဲ။ ကျွန်တော်လဲကားရပ်ပြီးရပ်ကြည့်နေမိတယ်။ ကျွန်တော့စိတ်တွေဘာဖြစ်နေတာလဲဗျာ😇
#နောက်တပိုင်းမှောင်မည်။
#ကြိုက်ရင် like မျှဝေပေးကြပါ

ကိုကိုနဲ့ခလေးWhere stories live. Discover now