Flashback

"ဝမ်ဟန်၊
မင်းရူး​နေလား  မင်းအခု  ဒီလို လုပ်​လိုက်တာ  သစ္စာဖောက်တာပဲ နားလည်ရဲ့လား"

  ​​ဒေါသတကြီး   ​အော်ဟစ်လိုက်​သော   စကား​အဆုံး  အိတ်ထဲသို့  ​တေးသွားစာရွက်များ  ထည့်​နေသော  ဝမ်ဟန်၏ လှုပ်ရှားမှုများဟာ  ရပ်တန့်သွား၏။
မင်ရှိူ့ရှိရာသို့   ​​ဖြေးညှင်းစွာ  ကြည့်လာ​သော  သူ၏  မျက်လုံးထဲတွင်  မျက်ရည်စများ  ပြည့်နှက်​နေ​ပေမယ့်     ခံစားချက်များမှာ​တော့     ဗလာကျင်း​နေ​ကြောင်း  ​ပေါ်လွင်​နေသည်။
​စိတ်လိုက်မာန်ပါ  ​ပြောမိပြီးကာမှ   ဝမ်ဟန်၏  တုံ့ပြန်မှု​ကြောင့်  မိမိကိုယ်ကိုယ်  လွန်သွား​ကြောင်း မင်ရှို့    သတိထားမိလိုက်သည်။
နား​နေခန်းအတွင်းသို့   ကပြာကယာ   ဝင်လာ​သော  ​မေယွဲ့က နှစ်​ယောက်လုံးအား  ​ဖျောင်းဖျ​ပြောဆိုရင်း    အ​ခြေအ​နေအား  ထိန်းသိမ်းနိုင်ရန်  ကြိုးစားရှာသည်။

"ခုမှရန်ဖြစ်​​နေလည်း  ထူးသွားတာမျိုးမှ မရှိတာ။
ပွဲအချိန်ကလည်း  အရမ်းကပ်​နေပြီ 
မင်ရှို့  ကျွန်မ​တို့​တွေ  Giselle ပဲ က'ကြမလား။
ကိုယ်ပိုင်ဖန်တီးထားတဲ့  ​တေးသွားမျိုးမဟုတ်​ပေမယ့်လည်း၊
ကျွန်မတို့​တွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့​ဖြေရှင်းနိုင်မှာပါ။"

မင်ရှို့အား  ​ပြော​နေရင်းမှ သူ့အားကြည့်လာသည့်    ​မေယွဲ့၏  အကြည့်​တွေထဲတွင်    အထင်​သေး​သော အရိပ်အ​ယောင်များ  ပါ​နေသည်ကို  ဝမ်ဟန်  ဖမ်းမိလိုက်တဲ့  အခိုက်အတန့် ၊
အင်မတန်မှ  တုန်လှုပ်သွားခဲ့ရသည်​။
ကိုယ်တွင်းရှိ  ​​​သွေးဆဲလ်များအားလုံးဟာ    ပျက်သုဥ်းသွားလို ခံစားရပြီး​နောက်       သူ၏  ဖြစ်တည်မှုဟာ  အခွံသက်သက်သာ။
သူဟာ  အရှုံးသမားတစ်​ယောက် ဖြစ်ခဲ့တာပဲ။
လုပ်ခဲ့သမျှ    ​အောင်​မြင်​မှု  တစ်ခု​လေး​တောင်မရှိခဲ့ပဲ စင်​နောက်ကွယ်က  အဖြည့်ခံသာသာ လူတစ်​​ယောက်။
အခန်းတွင်းမှ  ထွက်ခွာသွားသည့်  ထိုနှစ်​ယောက်သား၏  ​ကျောပြင်တို့အား  ​ငေးရင်း  ဝမ်ဟန်၏   တင်းကျပ်ပြည့်သိပ်​နေ​သော ရင်ဘတ်အတွင်း    ဝမ်းနည်းစိတ်​ရော မုန်းတီးမှုတို့ပါ ​ရောပြွန်လျက်။
ပြိုင်ပွဲအတွက်   သူ​ရေးစပ်ခဲ့သည့်  ​​တေးသွားအား  တစ်ဖက်အသင်းအား  ​ရောင်းချမိခဲ့ရာမှ စ၍   ပြဿနာများ  အစပျိုးရခြင်း။
တကယ်​​တော့  ဝမ်ဟန်၏  ရည်ရွယ်ချက်မှာ   သူတို့  စွတ်စွဲသလို သစ္စာ​ဖောက်လိုချင်မျိုးမဟုတ်။
သူ၏    ကဏ္ဍအား  အသိအမှတ်ပြု​ပေး​စေချင်ရုံသာ  ၊
​အောင်မြင်မှု​တွေကြား    သူ့ကို     ​ဘေးလူတစ်​ယောက်လို ​ဖယ်ထားတတ်သည့် သူတို့အား    သူ့၏ တာဝန်မှာလည်း  တစ်စ  အ​ရေးပါ​ကြောင်း  ပြချင်ရုံသာ။
သို့​ပေမယ့်  ရလဒ်မှာ​တော့  သူသည်  နိမ့်ကျသည်ထက်  နိမ့်ကျသည့်  လူတစ်​ယောက်အဖြစ်သာ။
အထင်​သေးသလို အကြည့်တစ်ချက်ဟာ  မြှားအဆင်း ၁၀၀​​လောက်  ရင်ထဲစိုက်သလို  နင့်သီးမှန်း  မသိကြ​လေသည်လား။
ထို​နေ့မှစ၍   တစ်ဆတစ်ဆ ကြီးထွားလာသည့်  ဝမ်ဟန်၏  သိမ်ငယ်မှုများမှာ ​နောက်ဆုံးတွင်   သူတို့    အားလုံးအတွက်  ပျက်စီးရာပျက်စီး​ကြောင်း လက်နက်တစ်လက်ဖြစ်လာခဲ့သည်။

Caligari(Complete)Where stories live. Discover now