ထန်ယီမင်သည် အကန့်အသတ်ဖြင့်အားလပ်ရက်ရသောကြောင့် သူ့ခရီးစဉ်အချိန်မှာတင်းကျပ်နေခဲ့ကာ အမှန်အတိုင်းပြောပါက လျင်မြန်သောပျံသန်းမှုကို ပိုသဘောကျနေသည်။

တစ်ဖက်တွင်လည်း ရှန်းချိုက်သည် အချိန်များစွာရှိနေပြီး စိတ်အေးလက်အေးအပန်းဖြေချင်နေသည်။ သူသည် နာမည်ကြီး K19/20 ရထားကို တရုတ်နိုင်ငံ၏မြို့တော်မှ ရုရှားနိုင်ငံ၏မြို့တော်အထိ တစ်လျှောက်လုံးစီးသွားချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤသို့ဖြတ်သန်းသွားရမည့်ခရီးသည် စုစုပေါင်း ကီလိုမီတာ ၉၀၀၀ ခန့်လောက်အကွာအဝေးရှိနေပြီး ခရီးစဥ်တစ်ခုလုံးမှာ ခြောက်ညအိပ်ခုနစ်ရက်ခရီးဖြစ်သည်။

တစ်ဖက်တွင်လည်း ရှန်းချိုက်သည် အချိန်များစွာရှိနေပြီး စိတ်အေးလက်အေးအပန်းဖြေချင်နေသည်။ သူသည် နာမည်ကြီး K19/20 ရထားကို တရုတ်နိုင်ငံ၏မြို့တော်မှ ရုရှားနိုင်ငံ၏မြို့တော်အထိ တစ်လျှောက်လုံးစီးသွားချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤသို့ဖြတ်သန်းသွားရမည့်ခရီးသည...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှန်းချိုက်က "ခင်ဗျားက လေယာဉ်စီးပြီး ကျွန်တော်ကရထားစီးရင်ရောဘယ်လိုလဲ?? ကျွန်တော်သာ တစ်ပတ်လောက်စောပြီးထွက်လိုက်ရင် မော်စကိုမှာပြန်ဆုံမှာပေါ့"

"မဖြစ်ပါဘူး!" ထန်ယီမင်က "မင်းတစ်ယောက်တည်း အဲ့ဒီ့ရထားပေါ်မှာ ခုနစ်ရက်တောင်စီးရမှာ... ရထားစီးမယ့်ခရီးသွား ၉၉% က ရုရှားလူမျိုးတွေ၊ တွဲစောင့်ကတောင် တရုတ်စကားမပြောတတ်ဘူး... မင်းတစ်ယောက်တည်းသွားရမှာ ကိုယ်ဘယ်လိုလုပ်စိတ်ချနိုင်မှာလဲ??"

ထန်ယီမင်ကတော့ ရှန်းချိုက်တစ်ယောက် သူ့ရည်ရွယ်ချက်များကိုစွန့်လွှတ်နိုင်ရန်မျှော်လင့်နေပြီး 'Murder on the Orient Express' လူသတ်ကားကို စားပွဲပေါ်တင်ပေးထားလေသည်။

ထန်ယီမင်ကတော့ ရှန်းချိုက်တစ်ယောက် သူ့ရည်ရွယ်ချက်များကိုစွန့်လွှတ်နိုင်ရန်မျှော်လင့်နေပြီး 'Murder on the Orient Express' လူသတ်ကားကို စားပွဲပေါ်တင်ပေးထားလေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🎉 You've finished reading Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed) 🎉
Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now