အပိုင်း[၄]

127 19 6
                                    

ဂျွန် စားပွဲ၌ နာရီတကြည့်ကြည့်ဖြင့် thအလာကို စောင့်နေမိသည်။ ဒီနေ့လည်း နောက်ကျပြန်ပြီ။
ဂျွန် thဖုန်းကို ဆက်တိုက်ခေါ်နေသည်လည်း
လုံးဝမကိုင်ပေ။ ဂျွန်လည်း thဆီဆက်မခေါ်တော့ပဲ သူ့အမေဆီကိုပဲ ဖုန်းခေါ်လိုက်သည်။
ဂျွန့်ဆီက ဖုန်းမှန်းသိတော့ ချက်ခြင်းကိုင်သည်။

"ဟယ်လို အန်တီ morning”
"morning နမ်ဂျွန် ဘာကိစ္စရှိလို့လဲ thအလုပ်လုပ်တာအဆင်ပြေရဲ့လား အန်တီအခုလောလောဆယ်မအားသေးလို့ companyကို
မလာသေးတာ thလေးကို စောင့်ရှောက်လိုက်ပါဦးနော် သားက အသက်ကသာကြီးနေတာ
ဘာမှ မသိဘူး ပျော်ဖို့ပါးဖို့ပဲ”

ဖုန်းခေါ်ရသည့်် ဂျွန်က တစ်လုံးမှမပြောသေးပဲ
အန်တီကချည်းပဲ ပြောနေသည်။ ဂျွန်နားထောင်ရင်း နှုတ်ခမ်းက ဆူချင်လာသည်။

အဲ့တာဆိုလည်း သူ့ကို ဘာလို့ ceoနေရာခန့်သေးလဲ ဟိုကဖြင့် အလုပ်နဲ့ပတ်သတ်တာ ဘာမှနားလည်မယ့်ပုံလည်း မပေါ်ဘူး ငါ့ကို သူငယ်တန်းသင်သလို အစကနေပြန်သင်စေချင်နေတာလား

"နမ်ဂျွန်…နမ်ဂျွန်”
"ဟုတ်…ဟုတ် အန်တီ ဘာပြောမလို့လဲ”
"ဘာမှမဟုတ်ပါဘူးကွယ် အန်တီကပဲ ပြောနေတာ နမ်ဂျွန်က ဖုန်းခေါ်တာကို ဘာပြောမလို့လဲ”
"ဟို…အဲ့ဒါက thအခုထိ ရုံးမရောက်သေးလို့
အန်တီ အဲ့တာ သူဘယ်မှာတုန်းလှမ်းမေးတာ”
"အဲ့ကလေးကတော့လေ အန်တီမနက်၈နာရီထဲ
က နှိုးပြီး အလုပ်သွားဖို့ပြင်ပြီးလွှတ်လိုက်တဲ့ဟာကို”
"အဲ့တာဆို ကျွန်တော်ဘယ်ကိုသွားရှာလိုက်ရမလဲ အန်တီ”
"အင်း ဒီအချိန်ကြီး သူ့သူငယ်ချင်းတွေလည်း
အိပ်တုန်းပဲနေမှာ တစ်ခုတော့ရှိတယ်”
"ဟုတ် …”
"companyနားမှာ သူ့အဘိုးဝယ်ပေးထားတဲ့ တိုက်ခန်းရှိတယ် အဲ့မှာ ဝင်အိပ်နေတာဖြစ်လိမ့်မယ် companyကနေ နာရီဝက်လောက်ပဲ
သွားရတာ”

ဟုတ်ပြီ အဲ့မှာပဲနေမှာ

"အဲ့ဒီကို သွားကြည့်လိုက်မယ် အန်တီ လိပ်စာလေး”

ဂျွန် ဖုန်းချပြီးတော့ အောက်ထပ်သို့ မြန်မြန်
ဆင်းလာခဲ့သည်။ အောက်ရောက်တော့
တွေ့တဲ့ သန့်ရှင်းရေးခေါင်းဆောင်ကို စားပွဲ
နေရာပြင်ထားဖို့မှာပြီး thဆီ မြန်မြန်ထွက်
လာခဲ့သည်။ ပြောသည့်အတိုင်း နာရီဝက်ကြာတော့ thရှိရာနေရာသို့ရောက်လာကာ တိုက်ခန်းတံခါးကို ဖွင့်ကာ ဝင်လာခဲ့သည်။ နှိုး၍ မရမှန်းသိလို့ th အမေက တစ်ခါတည်း pwပါပေးလိုက်ခြင်းဖြစ်သည်။

what wrong with secretary kimWhere stories live. Discover now