သီရိမျက်ခုံးပင့်ကာ
(ဒါ မြဖူးဝေပဲ အရင်စာရေးခဲ့တုန်းက သီရိပြီးရင် ဒီထဲမှာသူကအဆိုးဆုံးပဲ ပြောရရင်သီရိထက်တောင်ယုတ်မာသေးတယ်)

"မြဖူးဝေ မြဖူးဝေ အချိန်တွေသာကြာသွားတယ် နင်ရဲ့နံဟောင်နေတဲ့ပါးစပ်က ပြောင်းမသွားဘူးပဲ အရင်က သူရနဲ့ငါနဲ့ကြားမှာ အထင်လွဲအောင်လုပ်ပြီး သူရငါ့ကိုအမြင်စောင်းသွားအောင်လုပ်ခဲ့တာငါမသိဘူးများထင်နေလား အခုလဲပါးစပ်ဟလိုက်တာနဲ့အပုတ်နံကထွက်နေပြီ"

"နင်.."

မြဖူးဝေသီရိအား ပြန်ချေပရန်ပြင်လိုက်ပေမဲ့ သူဘေးနားကလူသည်တားလိုက်ကာ

"ဒါကသဲပြော ပြောနေတဲ့သီရိဆိုတာလား မဆိုးပါဘူးလှသားပဲ "

ထိုလူသည်ပြောရင်းဆိုရင်းနှင့် သီရိဆံပင်အဖျားလေးများကိုထိလိုက်ကာ
"တကယ်လို့မင်းသာငါနဲ့တစ်ညနေပေးရင်ငါဒီကိစ္စမဖြစ်ခဲ့သလိုနေပေးမယ် ဘာပဲဖစ်ဖြစ်မင်းကလဲအပျိုမှမဟုတ်တော့တာ"

ထူးမြတ်သည် သည်းမခံနိုင်တော့ပဲ ထိုလူကိုတွန်းလိုက်ကာ
"ခင်များရဲ့ ညစ်ပတ်တဲ့လက် ကျွန်တော်အမကိုမထိနဲ့"

"Wow နှစ်ယောက်လုံးအစွာလေးတွေပါလား မင်းကလဲယောက်ျားလေးသာပြောတယ် တကယ့်အလှလေးတွေငါ့ သူငယ်ချင်းထောင်ထားတဲ့ဘားမှာသာမင်းအလုပ်ဝင်ရင် တကယ်ကိုနာမည်ကြော်လေးဖြစ်မှာပဲ"

(ဒီခွေးကိုငါသီးခံနိုင်တာ ဒီအထိပဲ)

"ခင်များ"

သီရိသည် ထူးမြတ်ကိုဟန့်တားလိုက်က
"လူမဟုတ်တဲ့ဟာတွေကိုစကားနဲ့ပြောလို့မထူးဘူး ထူးထူး"

"လူမဟုတ်တဲ့ဟာ နင်ငါတို့ကိုဆဲနေတာလား သီရိ"

"ကိုယ့်အကြောင်းကိုယ်သိလေ"

"ဒီမိန်းမကတော့ အထူအပါးနားမလဲဘူးပဲ.. အ့...."

သူစကားပြောလို့မဆုံး သီရိသည် သူ့ရဲ့ကြက်ဥနှစ်လုံးကိုကြေမွအောင် ဒူးနဲ့တိုက်လိုကိတော့သည်။ဘေးနားကမြဖူးဝေသည်
အံဩစွာ အညိမ်မနေတော့ပဲ

"သီရိနင်"

:ဖြောင်းး:

သီရိသည် မြဖူးဝေထက်ဦးစွာ မြဖူးဝေအားပါးတစ်ချက်ချလိုက်တော့သည်။

ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်Where stories live. Discover now