အပိုင်း[၃]

Start from the beginning
                                    

ဒီလူ တကယ်ကြီးလား ငါ့ကို လာပြီး သူ့ရုံးခန်းဘယ်မှာလဲလာမေးနေတာလား

ဂျွန် နှာခေါင်းရှုံချင်စိတ်ကို မနည်းထိန်းထားရပြီး
ရုံးခန်းသွားမယ့်အထပ်ကို နှိပ်လိုက်သည်။ ရုံးခန်း
အထပ်ကြတော့ နှစ်ယောက်သားဆင်းလာပြီး
ရုံးခန်းရှိရာသို့ လျှောက်လာကြသည်။ ရုံးခန်း
ရှေ့ရောက်တော့

"ဒါ sirရဲ့ရုံးခန်းပါ ခဏနေရင် လုပ်ရမယ့် fileတွေယူပြီး ဝင်လိုက်လာခဲ့ပါ့မယ်”

thခေါင်းတစ်ချက်ငြိမ့်ပြီး ရုံးခန်းထဲဝင်လာခဲ့လိုက်သည်။ ဒီရုံးခန်းကို ရောက်ဖူးတာ thအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ companyရှေ့သာရောက်ဖူးခဲ့သည်။ တစ်ခါမှ companyထဲဝင်ဖို့ စိတ်မကူးခဲ့။

အခုလည်း အဘိုးက ဘယ်လိုစိတ်ကူးနဲ့ thကို
companyတစ်ခုလုံးလွှဲပေးခဲ့လည်းမသိ။
thမှာ လုပ်ငန်းနဲ့ပတ်သတ်လျှင် အတွေ့အကြုံ
ဘာဆိုဘာမျှမရှိ။ sj ​hyungတစ်ယောက်လုံး
ရှိနေတာကို။

thအပြင်ကို ကြည့်လိုက်တော့ စားပွဲ၌ အလုပ်
ရှုပ်နေတဲ့ secretaryကို တွေ့ရသည်။ ဆေးရုံမှာ အဖိုးနဲ့ရင်းနှီးနေတဲ့ပုံကို မြင်လိုက်ကတည်းက
အံ့သြနေခြင်းဖြစ်သည်။ အဖိုးက သူ့အတွင်းရေးမှူးအကြောင်းတစ်ခါမှမပြောဖူး၍
သတိမထားမိခဲ့ပေ။ ဆေးရုံမှာတွေ့မှပဲ အတွင်းရေးမှူးဆိုတာကို သိခြင်းဖြစ်သည်။

အတွင်းရေးမှူး ရုံးခန်းထဲဝင်လာတာမြင်တော့
thထိုင်ခုံမှာထိုင်နေလိုက်သည်။ နမ်ဂျွန်အခန်းတံခါးကို ခေါက်ပြီး thဝင်ခွင့်ပြုတော့ တံခါး
ဖွင့်ကာ ဝင်လာခဲ့သည်။ th သူ့ဆီလျှောက်လာသော နမ်ဂျွန်ကို စိုက်ကြည့်နေမိသည်။

နမ်ဂျွန်က thထက်အသက်ကြီးပုံပေါ်သည်။ ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနှင့် အရပ်က thထက် မဆိုစလောက်လေးမြင့်သည်။ အဝတ်အစားကို
သပ်သပ်ရပ်ရပ်ဖြင့် ဝတ်ထားကာ ရှပ်အင်္ကျီအဖြူကို ဘောင်းဘီထဲထည့်ထားကာ အပေါ်က ကုတ်ကို ချွတ်ထားသည်ကို တွေ့ရသည်။ ခန္ဓာကိုယ်က thတွေ့ခဲ့ဖူးသည့် လူတွေထက်
ပို၍လှသည်ကို တွေ့ရသည်။

တော်ရုံလူဆို မျက်မှန်အထူကြီးနဲ့သိပ်လိုက်မည်မဟုတ်သော်လည်း နှာခေါင်း လုံးလုံးသေးသေးပေါ်တင်ထားသော နမ်ဂျွန်ကတော့ ချစ်စရာကောင်းနေသည်။

what wrong with secretary kimWhere stories live. Discover now