"မပျော်ဘူး...ပျော်‌မနေတာမို့ ဒီလိုစကားတွေထပ်မပြောပါနဲ့တော့ ။ ကျွန်တော်ရူးသွားလိမ့်မယ် "

ထိုဘူသား၏ တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံကြောင့် သူ့ရင်ထဲ၌လည်း မွန်းကြပ်လာရသည်။

ငါတို့...ဘာတွေမှားနေခဲ့တာလဲ ခီ။
ဘယ်နေရာက လွဲမှားနေခဲ့တာလဲ။

"အခုချက်ချင်း အကုန်ဖြေရှင်းရင် အမှားတွေပါကုန်မှာမို့ အချိန်တစ်ခုထိ စောင့်ပေးပါညိမ် ။ ပြီးတော့ ညိမ်သိတဲ့အရာအားလုံးကိုလည်း မခြွင်းမချန်ဘဲ ကျွန်တော့်ကို ပြောပြပေးပါ ။ ကျွန်တော် ဒီနေ့ညပဲ ပြင်ဦးလွင်ပြန်မယ် ။ ညိမ်ပါလိုက်ခဲ့ရမယ် "

"......"

သူဘာမှပြောဘဲ ဒူးထောက်နေသူကို ဆွဲထူလိုက်ပေမဲ့ နေရာမှ လုံးဝမကြွ။ ပြောစရာရှိတာကိုသာ ဆက်ပြောနေသည်။ လေသံက အက်ရှစွာ။

"ညိမ်သိလား ။ သူများတွေ အိမ်ပြန်လာတိုင်း ကျွန်တော်လုံးဝပြန်မလာခဲ့ဘူး ။ ဘာလို့လဲ သိလား ကျွန်တော်ပြန်လာလို့ ညိမ့်ကိုတွေ့ရင် ကျွန်တော် ပြန်သွားနိုင်မှာ မဟုတ်တော့ဘူး ။ ကျွန်တော် ပြန်မသွားရင် ကျွန်တော် ညိမ်နဲ့ဘယ်တော့မှ လက်ထပ်နိုင်မှာမဟုတ်တော့ဘူး ညိမ်ရဲ့။

ကျွန်တော် ဒယ်ဒီ့လိုမဖြစ်ချင်ဘူး ။ ဒယ်ဒီက သူချစ်တဲ့သူနဲ့ ခွဲနေနိုင်ပေမဲ့ ကျွန်တော်ကတော့ မနေနိုင်ဘူး ။ ညိမ်နဲ့ တစ်သက်စာနီးနိုင်ဖို့ ကျွန်တော် ခြောက်နှစ်တောင် တောင့်ခံရတာ ။ ကျွန်တော်ရော အဆင်ပြေတယ်ထင်လား "

"...."

"ထွက်သွားတဲ့သူနဲ့ ကျန်ခဲ့တဲ့သူ ...ဘယ်သူနာကျင်ရလဲမေးရင် တကယ်ချစ်ရင် နှစ်ဖက်စလုံးနာကျင်ရတာပါပဲ ၊ သာတယ် နာတယ်ဆိုတာ မရှိပါဘူး"

"ကျွန်တော် ဒီ့ထက်ပိုပြောပြလည်း ညိမ်နားလည်မှာမဟုတ်ဘူး...အဲ့တော့ ညိမ်ကျွန်တော်နဲ့ ပြင်ဦးလွင်ကိုလိုက်ခဲ့ပေးဖို့ပဲ တောင်းဆိုပါရစေ "

"ငါ..."

မိုးသန့်ညိမ် တွေဝေစွာရပ်နေမိသည်။
ပခွင့်အရေးတစ်ခါလောက် ပေးသင့်ပါရဲ့လားဆိုတာ သူမဝေခွဲတတ်တော့ဘူး။

Love Of My Life [Completed]Where stories live. Discover now