"ခီတန်ကူးဇဏ် မင်းဘာဖြစ်ချင်နေတာလဲ ဟင် ။ မင်းတို့တစ်မိသားစုလုံး ဘာလို့ ငါ့ကိုအေးဆေးနေခွင့်မပေးရတာလဲ "

"တစ်မိသားစုလုံး!"

"အေး ဟုတ်တယ် "

"ဘယ်လို"

"မင်းကျောင်းက နှစ်နှစ်ပဲတက်ရတာကို ကျောင်းပြီးတာတောင် ပြန်မလာနိုင်ပဲ အဲ့မှာပဲ နေနေရတဲ့ အကြောင်းအရင်းကိုလည်း ငါသိပြီးပြီ "

"ညိမ် ဘာတွေပြောနေတာလဲ "

"မင်းအဲ့ကောင်မလေးနဲ့လက်ထပ်မှာလည်း ငါသိပြီးပြီ ။ ငါမင်းကိုစောင့်နေခဲ့တာ ငါးနှစ်ကျော်တောင် ဒါပေမဲ့ မင်းကတော့ နောက်တစ်ယောက်နဲ့ ပျော်မွေ့နေခဲ့တာလေ ။ မင်းအနာဂတ်ကို ပိတ်ပင်မိမှာစိုးလို့ မင်းဘာလုပ်လုပ် သည်းခံပေးနေခဲ့တာ ။ ဒါပေမဲ့ ရလိုက်တာက ဖိတ်စာတစ်စောင်တဲ့လား "

ညိမ်ဘာတွေပြောနေလည်း သူလိုက်လို့ပင်မမီတော့။
သူကျောင်းပြီးတာတောင် ချက်ချင်းမပြန်ရတဲ့ အကြောင်းအရင်းကလည်း မိန်းကလေးတစ်ယောက်ကြောင့် ဟုတ်မနေခဲ့တာ။

"ဘာဖိတ်စာလဲ ညိမ်ဘာတွေပြောနေတာလဲ "

ညိမ်က ပြောရင်းနဲ့မျက်ရည်များစီးကျလာသည်။
သူသုတ်ပေးဖို့ ရှေ့သို့ တစ်လှမ်းတို့လိုက်သော်လည်း ညိမ်ကဖယ်သွားသည်။

"ဘာလဲ ကောင်မလေးက မင်းကိုလက်မထပ်ချင်ဘူးတဲ့လား အဲ့တာကြောင့် ငါ့ဆီပြန်လာတာလား ။ ငါမင်းနဲ့တွေ့ခဲ့တာ တကယ်နောင်တရမိတယ် ခီ "

နောင်တ...ညိမ်က သူနဲ့တွေခဲ့တာကို နောင်တရနေခဲ့တာလား။

" ငါတို့ကိုယ့်လမ်းကိုယ်လျှောက်သင့်ပြီ ထင်တာပဲ ။ ငါတို့ဆက်ဆံရေးက ဒီအတိုင်း ငယ်ရွယ်တုန်း..."

"တော်တော့! တော်ပါတော့ ညိမ်ရယ် မပြောပါနဲ့တော့ "

အော်လိုက်တဲ့ အသံတစ်ခုနဲ့အတူ တွေ့လိုက်ရသည့် မြင်ကွင်းက ညိမ့်အတွက်အံ့ဩစရာကောင်းလွန်းသည်။ ခီတန်ကူးဇဏ်က ဒူးထောက်နေခဲ့သည်။
သူကြောင်ကြည့်နေမိစဉ် စီးကျလာသော အသံတိတ်မျက်ရည်များကြောင့်...

"မင်း ဘာလုပ်နေတာလဲ ခီ။ ငါမင်းကိုလွှတ်ပေးပြီးပြီပဲလေ မင်းပျော်ပျော်နေသင့်တာမဟုတ်ဘူးလား "

Love Of My Life [Completed]Where stories live. Discover now