၄၀ (ဇာတ်သိမ်းပိုင်း) (Z)

Start from the beginning
                                    

အတွေးကလေးဖြင့် လျှောက်လာလိုက်တာ အိမ်သို့ ရောက်မှန်းမသိ ပြန်ရောက်လာတော့သည်။ ခြံဝန်းကလေးထဲသို့ ဝင်လိုက်သည်နှင့် သစ်ပင်များစိမ်းစိမ်းစိုစိုဖြစ်သည်ကြောင့် အေးမြသွားလေတော့သည်။ မောင်ကတော့ မျက်နှာကြီး စူပုတ်ကာ သူ့ဆီလျှောက်လာတော့သည်။

"သွားပြန်ပြီလား အစ်ကိုထွင်း....အစ်ကိုထွင်းကို အဲ့နိဗ္ဗာန်အထိ မသွားပါနဲ့လို့ မောင် ပြောထားတယ်လေ...အစ်ကိုထွင်း ဟိုနားသည်နားသွားတာတောင် မောင်စိတ်မချတာ နိဗ္ဗာန်အထိ မနက်စာသွားသွားဝယ်တာ မောင် ပိုလို့တောင် စိတ်မချဘူးဆိုတာ အစ်ကိုထွင်းသိရဲ့လား...."

တန်းပြီးအဆူခံရသည်ကို ထွင်းအက္ခရာမှာ ပြုံးရယ်နေမိတော့၏။ မောင်သူ့ကို ဆူလျှင် သိပ်ကို ချစ်ဖို့ကောင်း၏။ မျက်နှာကြီးစူပုတ်ကာ လက်ညှိုးကလေးတယမ်းယမ်းဖြင့် ဆူတတ်သည်။

"ရီနေပြန်ပြီ...မောင် ပြောတဲ့အထဲ ရီစရာပါလို့လား...မောင် အစ်ကိုထွင်းကို တကယ်စိတ်ပူတာနော်....နောက်ဆို မောင်ပဲ သွားဝယ်ပါ့မယ်...အစ်ကိုထွင်းက အေးဆေး အိမ်မှာနေ ဟုတ်ပြီလား...."

"ဟုတ်ပါပြီ ကိုယ်တော်လေးဗျ...နောက်ဆို အိမ်မှာပဲ အေးအေးဆေးဆေး ကလောဥပြုတ်စားရင်း နေပါတော့မယ်ဗျ...."

ထွင်းအက္ခရာ ခပ်ပိုပိုကလေးပြောလိုက်တော့လည်း မောင့်မျက်နှာကြီးရဲတက်လာကာ ရှက်လာပြန်တော့၏။

"နောက်ခါဆို မောင်ကတော့ နိဗ္ဗာန်က လက်ဖက်ရည်ဆိုင်အထိ ပွေ့ချီပြီး လာခေါ်ပစ်လိုက်မှာ...."

မျက်နှာရဲကာ ထပ်မံ ခြိမ်းခြောက်နေပါသေးသော မောင်ကို အသည်းယားလွန်းလှ၏။ ထို့ကြောင့် မောင့်မျက်နှာကလေးအား ဆွဲယူကာ ဘယ်ဘက်ပါးပြင်ကလေးအား နမ်းလိုက်မိတော့သည်။

"မောင် သိပ်စကားများတာပဲ...."

မောင်က ကြောင်အကာ ထိုအတိုင်း ကုန်းကွကွအတိုင်းကြီး ရပ်နေ၏။ ထွင်းအက္ခရာကသာ အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။

"အစ်ကိုထွင်း နေအုန်းလေ မောင့်ကို စောင့်အုန်း....."

မောင်နှင့်သူ့၏ မနက်ခင်းတိုင်းသည် ထိုသို့သာ အမြဲစတင်ပါ၏။ သူမနက်စာဝယ်လာပြီးလျှင် မနက်စာမစားခင် သူ၏ ဂုတ်ထောက်နေပြီဖြစ်သော ဆံနွယ်များကို မောင်က မရရအောင် စည်းနှောင်ပေးတတ်ပြီး နှီးဖြင့်သီထားသော စံပယ်ကုံးကလေးကိုလည်း ပန်ပေးတတ်သေးသည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now