Chapter 39 : ပုံမှန် !!! (ZG)

Start from the beginning
                                    

သူ ရှဲ့စန်း၏ ဘယ်ဘက်လက်ကို ဆုပ်ကိုင်လိုက်သည်။ ရှဲ့စန်းကို သူကိုယ်တိုင် တွန်းဖယ်လိုက်သည့် မြင်ကွင်းကို သူတွေးမိလိုက်သောအခါ သူ့မျက်လုံးများက အေးစက်သွားသည်။ သူ ရှဲ့စန်းကို ​ကောက်​ပွေ့၍ ချီထားလိုက်ပြီး အပြင်ဘက် တောအုပ်ဆီသို့ လျှောက်သွားလိုက်သည်။

“Chirp” စူးရှသော ငှက်အော်သံ ထွက်ပေါ်လာသည်။ ​နောက်စက္ကန့်တွင် လက်အရွယ်အစား​လောက် ရှိသည့် အနက်ရောင် ငှက်​လေးတစ်ကောင်သည် ရှဲ့စန်း၏ ရင်ဘတ်နားသို့ ပျံသန်းလာပြီး သူ့ကိုကြည့်ရန် ခေါင်းကို စောင်းထားသည်။

ငှက်၏ ခေါင်းပေါ်ရှိ အမွေးများသည် ဖြူ​ဖွေးကာ ​ပျော့​ပျောင်း နေသော်လည်း ဒဏ်ရာရထားသည်။ ဘယ်ဘက်ခြမ်းက သွေးတွေနဲ့ စွန်းထင်းနေသည်။ အမွေးအတောင်များသည် ဘောလုံးတစ်လုံးကဲ့သို့ ရှုပ်ထွေး​​နေပြီး ပြုတ်ကျ​နေသည်။ ပျော့ပျောင်းသော အမွေးများ၏ ညာဘက်ခြမ်းသည် မတူညီ​သော ခြားနားမှုတစ်ခု ဖြစ်​နေသည်။ စိတ်ပျက်စရာကောင်းပြီး ရယ်စရာဖြစ်​နေခဲ့သည်။

မိုင်နဲ မျက်​​မှောင်​ကြုတ်​လိုက်သည်​။ သူ သားရဲကို တိုက်တဲ့အချိန်တုန်း က သားရဲနောက်သို့ လိုက်သွားသည်ကို သတိရမိသည်။ သူက ညင်သာစွာ ​အော်လိုက်သည်။

“ထွက်သွား!”

ငှက်က ခေါင်းကို​ စောင်းကာ “အော်” ပြီး ရှဲ့စန်း၏ ရင်ဘတ်ပေါ် လှိမ့်လိုက်သည်။ အနက်ရောင် မျက်လုံးဝိုင်းဝိုင်းများက မိုင်နဲကို စူးစိုက်ကာ ကြည့်ပြန်သည်။

မျက်လုံးမှိတ်ပြီး အိပ်​ပျော်နေသော ရှဲ့စန်းကို မိုင်နဲ ကြည့်လိုက်သည်။ သူက အချိန်မဖြုန်းချင်သလို သူ့လက်တွေကို ဘယ်လိုမှ မဖယ်နိုင်တာကြောင့် လျစ်လျူရှုထားခဲ့သည်။

ရှဲ့စန်း လန့်နိုးသွားသည်။ မျက်လုံး ဖွင့်ကြည့်လိုက်တော့ မိုင်နဲ က သူ့ကို လက်နှစ်ဖက်နဲ့ ချီထားတာ တွေ့လိုက်ရသည်။ သူ့လက်​မောင်းကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ကာ ဘယ်ဘက် အင်္ကျီလက်ကို နောက်တစ်ဖက်နဲ့ ဆွဲတင်ရင်း သူ့မျက်ခုံး ကျုံ့သွားသည်။

သို့​သော် မိုင်နဲက တကယ်ကို မကျွမ်းကျင်​ပေ။ မိုင်နဲ က သူ့လက်ကို ​ရွှေ့ခဲ့​ပေမယ် သူ့အဝတ်အစားတွေကို မဖယ်​ပေးနိင်ခဲ့​ချေ။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now