Chapter 37 : ​ခဏ​လောက် သတိလွတ်သွားခြင်း

Start from the beginning
                                    

"ကျေးဇူးတင်ပါတယ်၊ ကျွန်တော် မသောက်ပါဘူး" ဟု ယဉ်ကျေးစွာ ငြင်းဆိုခဲ့သည်။

ဝိုင်သည် ဤနေရာ၌ အထူး ဇိမ်ခံပစ္စည်း ဖြစ်သည်မှာ သေချာပါသည်၊ ၎င်းကို ပါတီပွဲ၌ သုံးထားရခြင်းမှာ ​​ကော့စ် မိသားစုသည် အမှန်တကယ်ပင် ခိုင်မာသည်ဟု ဆိုလိုခြင်းဖြစ်သည်။

အဲဒီလူက စိတ်ပျက်လက်ပျက်နဲ့ ပခုံးတွန့်ပြပြီး စိတ်ထဲ မထားဘဲ  "ပြီးရင် မင်းနဲ့ ကရမှာ ပျော်ဖို့​ကောင်းမယ်လို့ ကိုယ် မျှော်လင့်ပါတယ်" 

​ပြောပြီးသွားသည်နှင့် သူတို့လမ်းကို မပိတ်တော့ဘဲ ဘေးဘက်သို့ လှပသော ခြေလှမ်းတစ်ခု လှမ်းလိုက်သည်။

ရှဲ့စန်း က အကြောင်း မပြန်ခဲ့​ပေ။ သူသည် ဘရန့်ဒ်ဂြိုလ်၏ အကကို တစ်ခါမှ မမြင်ဖူးပါ၊ ကိုယ်တိုင်ကဖို့နေနေသာသာ၊ သူ ကတတ် ရင်တောင် သူစိမ်းတစ်ယောက်နဲ့ ကမှာမဟုတ်ဘူး။ သူ့တုံ့ပြန်မှုကြောင့် မျက်ခုံးကျုံ့ထားသော မိုင်နဲကို ဆွဲ​ခေါ်လိုက်သည်။ ခြေလှမ်း အနည်းငယ်အတွင်း အသံတိုးတိုး မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ​ပြောသည့် အသံများ သူ့နားထဲတွင် ထွက်ပေါ်လာသည်။

"ဟယ်၊ ဒီ အမက အရူးလား။ ကော့မိသားစုရဲ့ တရားမဝင်သားနှင့် အတူနေဖို့ ​ချောင်မိသားစု၏ သခင်​လေးကို ငြင်းပယ်ခဲ့တာ ငါ မယုံနိုင်ဘူး"

"​ချောင်မိသားစု သခင်​လေးရဲ့ ပုံသဏ္ဌာန်ကို သူ မသိလို့ မဟုတ်ဘူးလား?"

"ပွဲသို့တက်ရတာ​လေးကို မိုင်နဲ က ​ကော့စ် မိသားစုထဲ ​ချော​ချော ​မွေ့​မွေ့ ဝင်ရောက်နိုင်တယ်လို့  သူထင်​နေတာ ဖြစ်နိုင်တယ်၊ ငါ​တော့ အဲလို မြင်တာပဲ။ သူက သူ့ကိုယ်သူ ​ကော့စ်မိသားစုရဲ့ ပေါင်ကို ဖက်ထားနိုင်တယ်လို့ ထင်​နေတာဖြစ်မယ်!"

"ကော့စ်မိသားစုကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ဝင်လို့ရမှာလဲ? သူက တရားမ၀င်သား! သူ့မှာ ကျောထောက်နောက်ခံပြုဖို့ မိသားစုမရှိဘူး!"

"သခင်​လေး ​ချောင်ရဲ့ အခြေအနေကို သိပြီး မိုင်နဲကို ​ကော့စ်မိသားစုက တန်ဖိုးမထားဘူးဆိုရင် သူသိသွားရင် သူနောင်တရသွားလိမ့်မယ်!"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now