Chapter 37 : ​ခဏ​လောက် သတိလွတ်သွားခြင်း

Start from the beginning
                                    

မိုင်နဲက အမှန် ပြင်​ပေးလိုက်သည်။ "ဒါက ကျွန်​တော့် သူငယ်ချင်း ရှဲ့စန်း အထီးပဲ"

"တောင်းပန်ပါတယ်" ဆိုတိုကို က တောင်းပန်ပြီး ရှဲ့စန်း ဆီသို့ လက်ကို ဆန့်တန်းကာ "ကျေးဇူးပြု၍ ခွင့်လွှတ်​ပေးပါ၊ တွေ့ရတာဝမ်းသာပါတယ်"

ရှဲ့စန်း က သူ့လက်ကို လှမ်းကိုင်လိုက်သည်။ သူက ရက်ရောစွာ ပြုံးပြပြီး "အဆင်ပြေပါတယ်"

"တရားဝင် ပွဲမစခင် မိနစ်နှစ်ဆယ်လောက် အချိန်ရှိ​သေးတော့ မင်း ​လျှောက်ကြည့်ပြီး တစ်ခုခု စားလို့ရတယ်။ ငါ က ဧည့်သည်တွေကို သွားနှုတ်ဆက်ရမယ်"

ဆိုကိုတို အခြားဧည့်သည်တစ်ဦးကို နှုတ်ဆက်သောအခါ မိုင်နဲ ခေါင်းညိတ်ပြလိုက်သည်။ ရှဲ့စန်း က လှည့်ကြည့်လိုက်ပြီး မိုင်နဲကို သူနဲ့အတူ ထောင့်စွန်းက ဆိုဖာဆီ ​ခေါ်သွားလိုက်သည်။ သူတို့ ပတ်ဝန်းကျင်က ဧည့်သည်တွေရဲ့ အကြည့်တွေက သူတို့အပေါ် ကျရောက်နေတာကို အခုမှ သူ ခံစားလိုက်ရပြီး​​နောက် အံ့သြတကြီး ညည်းညူသံတွေ အတူ ပါလာခဲ့သည်။

မိုင်နဲ နှင့် ဂျူလော့စ်တို့ကြား မကြာသေးမီက ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ဂျူလော့စ်၏ မွေးနေ့ပါတီတွင် ​ပေါ်လာ​သော မိုင်နဲ၏ အသွင်အပြင်သည် အမှန်တကယ် အံ့အားသင့်စရာ ​ကောင်းလှသည်။ အရပ်မြင့်မြင့်၊ အရောင်တူ ပွဲတက်အင်္ကျီဝတ်ထားသည့် မိုင်နဲ နှင့် အတူ သူ ခြေလှမ်းနှစ်လှမ်း မလှမ်းမိ​ပေ။

 ဤလူအများစုကဲ့သို့ပင် ထိုလူသည် ချောမောသောအသွင်အပြင်ရှိပြီး ဝိုင်ခွက်နှစ်ခွက်ကို ကိုင်ဆောင်ထားသည်။

သူက အနည်းငယ်ကွေးပြီး ညာဘက်လက်က ဖန်ခွက်ကို ရှဲ့စန်းဆီ ယူဆောင်လာပြီး ရွှန်းလဲ့စွာ ကြည့်လိုက်သည်။ 

"မင်းနဲ့ အတူ သောက်လို့ရမလား? ချော​မောလှပတဲ့ လူငယ်လေး"

မိုင်နဲ မျက်​ခုံး​ကျုံ့လိုက်ပြီး ​ထိုယောက်ျားကို ဆိုးတဲ့အကြည့်​​တွေ​ ပေးရင်း ရှဲ့စန်းရဲ့ တုံ့ပြန်​မှုကိုကြည့်​ဖို့ ​ခေါင်းကိုလှည့်​လိုက်​သည်​။ ရှဲ့စန်း၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ သူက အခု ကြည့်ကောင်းနေပေမယ့် သူ့ကို ဖော်ပြဖို့ 'လှတယ်' လို့ လူတွေက လုံးဝ မသုံးသင့်ဘူး။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now