Chapter 37 : ​ခဏ​လောက် သတိလွတ်သွားခြင်း

Start from the beginning
                                    

"ငါ မင်းနဲ့လိုက်ခဲ့မယ်" ရှဲ့စန်း ​သေချာ တွေးကာ ​ပြောလိုက်သည် ။ "ငါ့ကို ခေါ်သွားလို့ရမလား?"

မိုင်နဲ က "မင်း တကယ် သွားချင်တာလား"

ရှဲ့စန်းက ပြတ်ပြတ်သားသား ခေါင်းညိတ် ပြလိုက်​တော့မိုင်နဲက "ဦး​လေးကို နောက်ထပ် ဖိတ်ကြားချက်တစ်ခု တောင်းခိုင်းလိုက်မယ်"

"ဒီဟာကို အလျှင်လိုပြီး ဒုက္ခ​ပေးဖို့ မလိုပါဘူး။ ဒီလို ပါတီပွဲ အတွက် မင်း ရက်ချိန်း ယူသင့်တယ် မဟုတ်ဘူးလား" ရှဲ့စန်း က မေးလိုက်သည်။

မိုင်နဲက သူ့ကို ကြည့်ကာ ခေါင်းညိတ်ပြပြီး "အင်း"

ပါတီပွဲကို အတူတူသွားဖို့ ဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့ အွန်လိုင်းက​နေ ဝတ်စုံတွေ ထပ်ငှားခဲ့သည်။ သူတို့နှစ်ယောက်လုံးက ဂျူ​လော့စ်ရဲ့ မွေးနေ့ပွဲကို သိပ်စိတ်မပူကြတဲ့အတွက် ဘာမှ စဉ်းစားမ​နေခဲ့ကြ​ပေ။

နောက်တစ်နေ့တွင် ရှဲ့စန်းသည် အလုပ်မှ အိမ်သို့ပြန်လာပြီး ​ကော့စ် မိသားစုရဲ့ ​နေအိမ်သို့ မသွားမီ မိုင်နဲနှင့် ညစာစားခဲ့သည်။ ​ကော့စ် မိသားစု ​နေအိမ်၏ ဗိသုကာလက်ရာသည် ​အေဘမ်မိသားစုနှင့်ဆင်တူသည်။ ကျယ်ဝန်းသော ဧရိယာ၊ကျယ်ဝန်းသော ရဲတိုက်ကြီး ရှိသည်။ အိမ်ရှေ့တံခါးကနေ ဝင်တဲ့ စင်္ကြံတလျှောက် အလှဆင်တဲ့ အပင်အတုတွေနဲ့ အလှပြင်ထားသည်။

"အို.. ချစ်ရတဲ့ မိုင်နဲ၊  မင်းကို တွေ့ရတာ အရမ်းကောင်းတာပဲ" 

အနက်ရောင် ဝတ်စုံကို ၀တ်ဆင်ထားသော ဆိုတိုကိုသည် မိုင်နဲဆီသို့ လျှောက်သွားကာ ပွေ့ဖက်ပေးရန် သူ့လက်နှစ်ဖက်ကို ဖွင့်လိုက်သည်။ နွေးထွေးစွာ ​တွေ့ဆုံခြင်းနှင့် နှုတ်ဆက်ခြင်း ဖြစ်သည်။

တွေ့ဆုံနှုတ်ဆက်ပြီးနောက် ဆိုကိုတိုသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ မိုင်နဲဘေးရှိ ရှဲ့စန်း ကို အံ့သြမှု၊စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

 "ဒီ ​ချော​မောလှပတဲ့ အမ​ လေးကို မိတ်ဆက်ပေးမလို့လား?"

ရှဲ့စန်း၏ နှုတ်ခမ်း​ပေါ်ရှိ အပြုံးသည် အေးခဲသွားပြီး 'မင်းကပဲ အမ' လို့ မ​ပြောမိ​အောင် ထိန်းထားရင်း သွားတွေကို တင်းတင်း ​စေ့ထားလိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now