အပိုင်း - (၁၃)

2.3K 144 1
                                    

ရှားရဲ့မျက်ဝန်းထဲကို စူးစိုက်ကြည့်လိုက်ရင် သူ့နှလုံးသားထဲက ခံစားချက်တွေကို မြင်အောင်ပြမိသည်။ မျက်လုံးဆိုတာက စိတ်ရဲ့ထွက်ပေါက်ပဲ မဟုတ်လား။ အချစ်ကိုဖွဲ့နွဲ့ပြီး မပြောတတ်ပေမယ့် ရှားကိုမြတ်နိုးရတဲ့ အကြောင်းတွေကိုတော့ တစ်ချိန်ချိန်ကျရင် ရှားမျက်နှာလေးကို စက္ကန့်မလပ်ငေးကြည့်ရင်း ပြောပြပါဦးမည်။

ကိုယ့်အချစ်တွေကို မြင်အောင်ကြည့်ပါ.. မောင်ရှား.. ကိုယ်က မင်းထင်ထားတာထက် ပိုပြီး မင်းကိုရူးသွပ်နေသူပါ

တိတ်ဆိတ်သွားတဲ့ ကားလေးထဲမှာ FM လိုင်းတစ်ခုက တိုက်ဆိုင်စွာပဲ ထုတ်လွှင့်လာတဲ့ သီချင်းကို နှစ်ယောက်လုံး အာရုံစိုက်ပြီး နားထောင်မိသွားသည်။

ဘယ်လောက်လဲ  ဘယ်ထိလဲ
ကိုယ်ကချစ်နေရတာ
မေးရန်လွယ်ပေးမယ့် အဖြေခက်..
သိသလို မသိသလိုပါပဲ
ပင်လယ်ဘယ်လောက်ကြီးကြီး 
အိုင်ငယ်ဘယ်လောက်သေးသေး
ရေ.. ရေချင်းတော့တူ
အပိုတွေကို မဆိုတတ်ဘူး
သာမန်လူတစ်ယောက်မို့လေ
တကယ်ပါ မေရယ် 
ကိုယ်ကတော့ ချစ်တာတစ်ခုပဲသိတယ်

သီချင်းတစ်ပိုဒ်အဆုံးမှာ ရှားကိုအသာငဲ့ကြည့်မိတော့ မျက်တောင်ရှည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အရှေ့တည့်တည့်သာ စိုက်ကြည့်နေသည်။ ဒါပေမယ့်လည်း စိတ်လှုပ်ရှားနေသည်ကိုတော့ အချင်းချင်းကုတ်ဖဲ့နေတဲ့ လက်မလေးတွေက သက်သေပြနေသည်။

ဘယ်ကစလဲ  ဘယ်မှာဆုံးမလဲ
ကိုယ်ကချစ်နေမိတာ
မေးရန်လွယ်ပေးမယ့် အဖြေခက်..
သိသလို မသိသလိုပါပဲ
နေရာဟာ မတည်ငြိမ်ခြင်း ..
အချိန်ဆိုတာ မတည်မြဲခြင်းလို့
ယူ.. ယူဆကြရင်
အပိုတွေကို မဆိုတတ်ဘူး
သာမန်လူတစ်ယောက်မို့လေ
တကယ်ပါ ကိုရယ် 
မောင်ကတော့ ချစ်တာတစ်ခုပဲသိတယ်

ကားစတီယာတိုင်ကို လက်နဲ့အသာခေါက်ရင်း ညည်းဆိုလိုက်တော့ ရှားကခိုက်ဘက်ကို တစ်ချက်ကြည့်လာပြီး ဘေးကိုတစ်ကိုယ်လုံးနီးပါး လှည့်လို့သွားသည်။ လစ်ခနဲပြုံးလိုက်တဲ့ အပြုံးလေးတစ်ပွင့်ကတော့ ခိုက်ရဲ့ကြိုးစားမှုအတွက် အဆင့်တက်လာတဲ့ မေတ္တာအကဲဖြတ် မှတ်တမ်းလေး ဖြစ်လာခဲ့လေသည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now