ဝိုင်(၇)

Start from the beginning
                                    

"ကိုဒီပါ"

"ဟင်"

သူနောက်လှည့်ကြည့်မိတော့ မောင့်ရဲ့စေ့စပ်မဲ့အမျိုးသမီး။ထို့အပြင်သူ့ဘေးက ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်။

"ကိုဒီပါ ဒီမှာ ညစာလာစားတာလား"

"ဟုတ်တယ် သိမ့်"

"အယ် ဟိုအကိုလည်း ပါတာလား"

"အင်း ဟုတ်တယ် သိမ့် ဘေးက??"

"ဪ မိတ်ဆက်ပေးရဦးမယ် ဒါ သိမ့်မောင်လေးလေ ရှင်းသန့်ရာဇာတဲ့ မောင်လေး ဒါက မမပြောပြောနေတဲ့ မမနဲ့စေ့စပ်မဲ့သူ ကိုဒီပါဦးမောင်တဲ့"

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဗျ ကိုဒီပါ"

"တွေ့ရတာဝမ်းသာပါတယ်"

"ကိုဒီပါ သိမ့်တို့တူတူထိုင်စားရတယ်မလား"

"ရတာပေါ့ ကိုယ့်ဘေးလာထိုင်လေ"

သိမ်ငယ်စိတ်တို့က အလိုလိုဝင်ရောက်ရင်း ဒီစကားဝိုင်းထဲ အပယ်ခံတစ်ယောက်လို ခံစားလာရသည်။ကျွန်တော့်ရှေ့မှာမပြုံးမရီတဲ့ သူကလေ အဲ့မိန်းကလေးရှေ့မှာ ပြုံးရီနေတာ။ နာတာပေါ့ ကျွန်တော့် ရင်တွေ။သည်းခံနိုင်တယ်။လွယ်လွယ်နဲ့ဖြစ်ပျက်ပြနေစရာ မလိုဘူး။ ချစ်ရသူက ရွံမုန်းပါတယ်ပြောကတည်းက သူ့ဘက်ကထွေထွေထူးထူး လုပ်နိုင်စရာဘာမှမရှိ။အာဏာရော၊ စည်းစိမ်ရော အလွန်ဆုံးပြော နေစရာနေရာကိုမရှိတာ။အဲ့တော့ သူလုပ်သမျှကိုယ်ကငြိမ်ခံနေရုံသာ။ သူ့ဘေးကို ရှင်းသန့်ရာဇာဆိုသည့် ခပ်သေးသေးကောင်လေးလာထိုင်သည်။ကောင်လေးက သူ့ကိုပြုံးပြရင်း မိတ်ဆက်လာသည်။

"ကျွန်တော့်နာမည် ရှင်းသန့်ရာဇာပါဗျ အကိုနာမည်ကရောဟင်"

"အကို့နာမည်က ပန်းခိုက်ဦးပါ"

"ဪ အကိုက ရှမ်း လား"

"အင်း အကိုက ကပြားကွ အကို့ မေမေကရှမ်းပေါ့ ဖေဖေကဗမာ"

"အာ အဲ့ဒါကြောင့် အသားဖြူတာကို ကျွန်တော့် အကိုနဲ့ခင်မယ်နော် ကျွန်တော့်မှာအပေါင်းအသင်းများများစားစားမရှိတော့ အကိုကလည်း ခင်ဖို့ကောင်းလို့ပါ"

ကိုယ်တိုင်က အရပ်ရှည်တဲ့သူဖြစ်ပါလျက်နဲ့ bodyကြီးသည့်မောင်နှင့် ယှဥ်လို့သာ သူ့မှာပုကျန်ခဲ့ခြင်းသာ။ သည်ကောင်လေးကတော့ တော်တော်ကိုလူကောင်သေးတယ် ပြောရမယ်။ သူနဲ့ယှဥ်တာတောင် ပုခုံးလောက်သာရှိသည်။ရုပ်လေးကလည်း ကလေးရုပ်လေး နဲ့ ချစ်စရာကောင်းသည်။အသက်လည်း သူနဲ့ကွာလောက်မည်။သူ့ကို ခေါင်းမော့ကြည့်ပြီး အဖြေကိုစောင့်နေတဲ့ ကောင်လေးကြောင့် သူခပ်သာသာပြုံးရင်း ပြန်ဖြေပေးလိုက်သည်။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now